အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
အင်္ဂါနေ့

၂၁ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
338524

အိမ်ရှင် နှင့် ဧည့်သည်

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။လူတစ်ယောက်သည် တစ်ညတွင် ထမင်းစားရန် လူတစ်ချို့အား မိမိအိမ်သို့ ဖိတ်ခဲ့လေသည်။စားသောက်ပြီး ဧည့်သည်များသည် အချင်းချင်းစကားစုံနေကြလေ၏။ ညတော်တော်လည်း ညဥ့်နက် သွားလေသည်။ အိမ်ရှင်မှာ တစ်အား အိပ်ချင်နေသော်လည်းအားနားပြီးဧည့်သည်များအားမိမိမနေနိုင်တော့ကြောင်း ပြောမထွက်ဖြစ်နေလေ၏။အိမ်ရှင်မှ မိမိဧည့်သည်များကို ငါတို့တွေ ကျမ်းတော်မြတ်ကုရ်အာန် ဖတ်ရွတ်ပြီးကျက်သရေမင်္ဂလာရှိသည့်အစီအစဉ်ကိုလုပ်ရင်မကောင်းဘူးလားဟု မေးလေသည်။ဧည့်သည်များကလည်း သဘောတူခဲ့ကြလေသည်။ပြီးနောက် အိမ်ရှင်အနေဖြင့် အောက်ဖော်ပြပါ စူရဟ်အဟ်ဇာဗ်၊အာယတ်တော်အမှတ် ၅၃ အား အသံကျယ်ဖြင့်ဖတ်ရွတ်လေသည်။အဓိပ္ပါယ်( … အသင်တို့အား ဖိတ်ခေါ်သည့်အခါ သွားကြပါလေ၊ ပြီးနောက် စားသောက်ပြီးလျှင် (ချက်ချင်း မိမိတို့နေရာများမှ )ထကြပါလေ၊ ထိုနောက် စကားလက်စုံ မကြ၊ ကြပါလေနှင့် ၊ အကြောင်းမှာ တမန်တော်မြတ်ကြီး (ဆွ) အား စိတ်သောကနှင့်ဒုက္ခ ကို ဖြစ်စေသည့် အတွက်ကြောင့် ဖြစ်ပါသည်။ သို့သော် အသင်တို့အား၊အားနားတော်မူပြီး ၊(ဘာမျှ)မပြောချေ။အကယ်၍အလ္လာဟ်ဟိုအရှင်မြတ်၏ဟက်(အခွင့်အရေး ) အတွက်ဆိုလျှင် အားနားတော်မူမည် မဟုတ်ချေ ။ … )ဤအာယတ်တော် အား နားဆင်ကြပြီးနောက် ဧည့်သည်များသည် မိမိတို့နေရာများမှ အိမ်များသို့  ထပြန် သွားကြလေသည်။ ကောက်နှုတ် - ဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက် သမီးဇွလ်ဟစန် ရေဇာဝီး ၊အအ်ဇမီး (အိန္ဒိယ)ရေးသားထားသည့် အူရ်သူ ဘာသာဖြင့် (( ကုရ်အာန်နီ လသီဖေ )) စာအုပ်မှသင်ခန်းစာ - သူတစ်ပါး၏ အခြေအနေကို သိရပေမည် ၊ သူတစ်ပါး၏ အားနားမှု အား အလွဲသုံးစား မပြုသင့်ချေ။