အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : iqna
ဗုဒ္ဓဟူးနေ့

၁၂ ဒီဇင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
372068

ပါကစ္စတန် နိုင်ငံတွင် သဖ်စီးရ်ကုရ်အာန် (( ရူဟွလ်ကုရ်အာန် )) အမည်ဖြင့် ကျမ်း ထွက်ရှိ အခမ်းအနား ကျင်းပ

ပါကစ္စတန် နိုင်ငံ လာဟိုရ် မြို့တွင် ဒီဇင်ဘာလ ၉ ရက်နေ့ တွင် အလာမာ အစ္စလာမ်ဆွဒီကီး ရေးသားထားသည့် သဖ်စီးရ်ကုရ်အာန် (( ရူဟွလ်ကုရ်အာန် )) အမည်ဖြင့်ကျမ်း ထွက်ရှိသည့် အခမ်းအနား ကျင်းပ ခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်း ဌာန ၊ အဗ်နာ ။ ။ The News သတင်းစာမှ တဆင့် အီးက်နာ အပြည်ပြည် ဆိုင်ရာကျမ်းတော် မြတ် ကုရ်အာန် သတင်း ဌာန- အီရန် - မှ တင်ပြသည်မှာ -အလာမာ အစ္စလာမ်ဆွဒီကီး ရေးသားထားသည့် သဖ်စီးရ်ကုရ်အာန် (( ရူဟွလ်ကုရ်အာန် )) အမည်ဖြင့်ကျမ်း ထွက်ရှိသည့် အခမ်းအနားတွင် ဂျမာအတ်သေ အစ္စလာမ်မီ အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဃာဇီ ဟိုစိုင်း(န)အဟ်မဒ် နှင့် လက်ရှိ ခေါင်းဆောင် လေယာကတ်ဗလိုဂ်ျ နှင့် အခြား ပါကစ္စတန်အိုလမာ တက်ရောက်ခဲ့ကြသည်။မူရင်းကျမ်းပြုစုသူ အလာမာ အစ္စလာမ်ဆွဒီကီး အနေဖြင့်ပြောကြားသည်မှာ -ဤကျမ်းအား ပြုစုရေးသားရတွင် ပြုစုရေးသားနည်းလမ်းအသစ်ကို ရွေးထားကြောင်း ၊အချိန် ၁၀ တာ ကြာမြှင့်ခဲ့ကြောင်း အတွဲ ၁၂ တွဲ ရှိကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ၎င်းအနေဖြင့် ဤသဖ်စီးကျမ်းသည် ၁၄ရာစုအလျှင် ရေးသားပြုစုထား ခဲ့ကြသည့် အခြား သဖ်စီးကျမ်းများနှင့်မတူကြောင်း ၊ ကွာခြားမှု ရှိကြောင်း ၊ ကျမ်းတော်မြတ် ကုရ်အာန်ကသိရှိနားလည် လာစေရန်ု မိတ်ဆက်ပေးထားကြောင်း ၊ သဖ်သီးအခက်များကို မဖတ်ရှု့မလေ့လာနိုင်သူများအတွက် လွယ်ကူသည့် ကျမ်း ဖြစ်ပြီး အကျိုး ရှိကြောင်း ၊ ကျမ်း၏ အဓိက ရည်ရွယ်ချက်မှာ ကျမ်းတော်မြတ်ကုရ်အာန်၏ သတင်းများကို လူထုထံရောက်ရှိစေဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။