အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
တနင်္ဂနွေနေ့

၁၀ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
389936

ကျမ်းတော်မြတ် ကုရ်အာန်နှင့် သက်ဆိုင်သည့် ဟဒီးစ်တော်များ။ အပိုင်း(၂)

ကျမ်းတော်မြတ် ကုရ်အာန်နှင့် သက်ဆိုင်သည့် ဟဒီးစ်တော်များ။ အပိုင်း(၂)

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

၆။ တမန်တော်မြတ်(ဆွလလ္လာဟိုအလိုင်းဟိဝအာလေဟိဝစလ္လမ်) မိန့်တော် မူထားသည်မှာ။  ။

 

ကုရ်အာန်အား ကောင်းမွန်သည့် အသံများဖြင့် လှပစွာ ဖတ်ရွတ်ကြပါ၊ အ ရာအားလုံးအတွက် လှပအောင် ဆင်ယင်ခြင်း တည်ရှိသည်၊ ကျမ်းတော်မြတ် ကုရ်အာန်ကို လှပအောင် ဆင်ယင်ခြင်းမှာ ထိုကျမ်းမြတ် အား အသံကောင်း ဖြင့်ဖတ်ရွတ်ခြင်းပင်ဖြစ်သည်။

ကာဖီ အတွဲ(၂) စာမျက်နှာ(၄၅ဝ)။

 

၇။ အေမာမ် ဟိုစိုင်း(န်)အိဗ်နေအလီ(အ.စ) မိန့်တော်မူထားသည်မှာ။  ။

 

ဧကန်အမှန် ဤကုရ်အာန်ကျမ်းမြတ်တွင် ရင်ဘတ်များအတွက် လင်းဝင်းမှု ပေးသော၊ လွတ်မြောက်မှုပေး သော မီးအိမ်များ တည်ရှိသည်။

ဂျာမိအုလ် အခ်ဘား(ရ်) ဝဲလ်အာစား(ရ်) အတွဲ(၁) စာမျက်နှာ(၁၆၄)။

 

၈။ တမန်တော်မြတ်(ဆွလလ္လာဟိုအလိုင်းဟိဝအာလေဟိဝစလ္လမ်) မိန့်တော် မူထားသည်မှာ။  ။

اِذا خَتَمَ الْقُرآنَ ، صَلّي عَلَيْهِ عِنْدَ خَتْمِهِ سِتّوُنَ اَلْفَ مَلَكٍ

တစ်ဦးတစ်ယောက် ကုရ်အာန်အား အဆုံးအထိ ဖတ်ရွတ်ပြီးချိန်တွင် ဖရီရှ်သာပေါင်း တစ်ထောင် ထိုသူ့အ ပေါ် ကောင်းချီးမင်္ဂလာ ပို့ချကြသည်။

ဂျာမိအုလ်အခ်ဘား(ရ်) ဝဲလ်အာစား(ရ်) အတွဲ(၁) စာမျက်နှာ(၃၃၉)။

 

၉။ တမန်တော်မြတ်(ဆွလလ္လာဟိုအလိုင်းဟိဝအာလေဟိဝစလ္လမ်) မိန့်တော် မူထားသည်မှာ။  ။

اِذا قَرَأَ الْقاريءُ  الْقُرآنَ ، فَأَ خْطَأَ اَوْ لَحَنَ اَوْ كانَ اَعْجَميّاً كَتَبَهُ الْمَلَكُ كَما أُ نزِلَ

ကုရ်အာန် ဖတ်ရွတ်သည့်ကာရီ ကုရ်အာန်အား မှားယွင်း၍သော်လည်း ကောင်း၊ အာရဗျီအသံဖြင့် မဟုတ် လျှင်သော်လည်းကောင်း၊ ဖတ်ရွတ်မည်ဆို လျှင် ဖရီရှ်သာသည်(ထိုသူအတွက် ဆုလဒ်ကို) ထိုကျမ်း တော် မြတ် ကျ ရောက်ခဲ့သည်အတိုင်း (မှန်ကန်ပြည့်စုံစွာ) ရေးသားလိမ်မည်ဖြစ်သည်။

ကန်ဇုလ်အမ္မားလ် အတွဲ(၁) စာမျက်နှာ(၅၁၃) ဟဒီးစ်(၂၂၈၄)။

 

၁ဝ။ အေမာမ် စဂ်ျဂျာ့(ဒ်)(အ.စ) မိန့်တော်မူထားသည်မှာ။  ။

 

ကျမ်းတော်မြတ် ကုရ်အာန် ကျွန်ုပ်နှင့် အတူတကွ တည်ရှိနေသရွေ့ကာလ ပတ်လုံး အရှေ့နှင့် အနောက် အရပ်ရှိ လူသားအားလုံး သေဆုံးနေမည်ဆို လျှင်ပင် လုံးဝကြောက်ရွံ့မည်မဟုတ်ပါ။

မီဇားနုလ်ဟီက်မာ အတွဲ(၈) စာမျက်နှာ(၆၈)။