အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ikna
အင်္ဂါနေ့

၁၉ မတ် ၂၀၁၃

၂၀:၃၀:၀၀
401494

(သဂျာလီ ယေ ကုရ်အာန် ) အမည်ဖြင့် စာအုပ် ထွက်ပြီး / အိန္ဒိယ

(သဂျာလီ ယေ ကုရ်အာန် ) စာအုပ်အား ဂျလာလွတ်ဒ်ဒီး(န) အကျော်အမော် အိန္ဒိယ အတွေးအခေါ် ပညာရှင် ၊မှ အူရ်သူဘာသာဖြင့် ရေးသားထားပြီး မက်သဗ် ဗေအစ္စလာမ်မီ ပုံနှိပ်တိုက် မှ ပုံနှိပ်ပြီး နယူးဒေလီ မြို့တော်တွင် ထုတ်ပြကြေငြာပွဲအားကျင်းပခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ဤ ထုတ်ပြကြေငြာ ပွဲ အား မတ်လ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ တွင် ဒေသစံတော်ချိန် ၁၀ နာရီ တွင် ကျင်းပခဲ့ပါသည်။ အိုလမာများ ၊ သာသနာ အတွေး အခေါ် ပညာရှင်များ ၊နဇီးရ် အခ် သရ် ရွလ်ဝါစေအ်အစ္စလာမ်မီ တက္ကသိုလ် ကျောင်းအုပ်ကြီး ၊ အဗ်ဒွလ်ဟက် ကျမ်း တော် မြတ် ကုရ်အာန် ဘာသာပြန် ဆရာ ၊ မိုဟမ္မဒ်ခန်း ၊ ဘာနူးရှဟ်ပါဇ် (အဖ်ကာရေ မေလ်လီ) လစဉ်ထုတ်မဂ္ဂဇင်း ထုတ်လုပ်သည့် တာဝန်ခံ ၊မိုဟမ္မဒ် ဇီးယွလ် အစ္စလာမ် ၊ အစ္စလာမီ အကယ်ဒမီ အထွေထွေ အတွင်းရေးမှူး တို့ မှ တက်ရောက်နေရာ ယူခဲ့ကြပါသည်။မှတ်သားစရာ အချက်မှာ ဤ (သဂျာလီ ယေ ကုရ်အာန် ) စာအုပ် အားရေးသားခဲ့သူ ဂျလာလွတ်ဒ်ဒီး(န) အကျော်အမော် အိန္ဒိယအတွေးအခေါ် ပညာရှင်တစ်ပါးနှင့် ကုရ်အာန် ဆိုင်ရာသုတေသီ တစ်ခု ဖြစ်ပြီး၊ယနေ့ တိုင် အစ္စလာမ် ဘာသာ နှင့်ပတ်သက်သည့်ခေါင်းစဉ်မျိုးစုံ ကို ရေးသား ခဲ့သူ ဖြစ်ပါသည်။