အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : အီးက္နာ
အင်္ဂါနေ့

၁၉ မတ် ၂၀၁၃

၂၀:၃၀:၀၀
401495

ဂျော်ဒန် ရှိ မစ်ဂျစ်ဒ်များ တွင် ကျမ်းတော်မြတ် ကုရ်အာန် အား မရိုမသေပြုမှု ဆက်လက် ဖြစ်ပွား

အဗ်ဒဒွရှ် ရှိုင်တွာန် အဖွဲ့၏ ဦးဆောင်မှုဖြင့် ဂျော်ဒန် ရှိ မစ်ဂျစ်ဒ်များ တွင် ကျမ်းတော် မြတ် ကုရ်အာန် အား မရိုမသေပြုမှု ကိုဆန်ကျင့်သည့် ဆန္ဒပြပွဲများ နေ့စဉ် နှင့်အမျှ တိုးပြီး ဖြစ် နေပေသည်။ ဤမရိုမသေပြုမှု အား ဂျာရှ်မြို့နယ်ရှိ မစ်စဂျစ်ဒ် နူးရ် ရွလ် စကာလိုင်းတွင် နမာဇ် ဝတ်ပြုသူများ မှ မတ်လ ၁၆ ရက်နေ့ က တွေ့ခဲ့ကြခြင်းဖြစ်ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာဂျော်ဒန် နိုင်ငံ ဂျာရှ်မြို့နယ်ရှိ အလ်ကဖီးရ် မြို့ရှိ မစ်စဂျစ်ဒ် နူးရ် ရွလ် စကာလိုင်းတွင် နမာဇ် ဝတ်ပြုသူများ မှ မတ်လ ၁၆ ရက်နေ့ တွင် မဟ်ရပ်ဗ် နေရာ ၌ ကျမ်းတော်မြတ် ကုရ်အာန် အား မရိုမသေ ပြုပြီး ပြဲထားသည့်စာရွက် များကို တွေ့ခဲ့ကြခြင်းဖြစ်ပါသည်။မျက်မြင် သက်သေများ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် အား မရိုမသေ ပြုထားသည့် ဤ မြင်ကွင်းကို မြင်ပြီးနောက် ကြေငြာခဲ့ကြပါသည်။ကျမ်းတော်မြတ် ကုရ်အာန် အား မရိုမသေ ပြုထားသည့် ဤကိစ္စ ကို သက်ဆိုင်ရာ အာဏာပိုင် များကို အသိပေးအကြောင်းကြားထားပြီး တရားခံများ ကို အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးပြီး ထိုက်သင့် သည် ပြစ်ဒဏ်ပေးဖို့ ဖြစ်ပေသည်။