အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : iqna
အင်္ဂါနေ့

၁၄ မေ ၂၀၁၃

၁၉:၃၀:၀၀
419663

ကနေဒါ ရှိ မွတ်စလင်များ အနေဖြင့် စစ်မှန်သည့် အစ္စလာမ်မျက်နှာ အသစ် အဖြင့် ပြပွဲ ကျင်းပမည်

ကနေဒါ ရှိ မွတ်စလင်များ အနေဖြင့် မကြာသေးမှီ က အမေရိ ကန် နိုင်ငံတွင် ဗုံး ပေါက်ကွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် ငြိမ်းချမ်းမှု ကို သာ နှစ် သက် မြတ်နိုးသည့် အစ္စလာမ်မျက်နှာ အစစ်အမှန်အား မိတ်ဆက်ပေးရန် ရည်ရွယ် ချက် ဖြင့် အာ(န)သာယူ မစ်ဂျစ်ဒ်များ တွင် နေ့စဉ် ရှင်းလင်းပွဲ အစီအစဉ်များပြုလုပ်နေပါသည်။

 ကနေဒါ ရှိ မွတ်စလင်များ အနေဖြင့်  အစ္စလာမ် အစစ်အမှန် မျက်နှာ အစစ် ကို မသိနား မလည် သေးသည့် မွတ်စလင်မဟုတ်သူများ ကို ဤ ရှင်းလင်းပွဲ အစီအစဉ်များ တက် ရောက်နေရာယူပေးရန် မေတ္တာရပ်ခံ တိုက်တွန်း ကြေငြာခဲ့ပါသည်။

ဤ ရှင်းလင်းပွဲ အစီအစဉ်များ နှင့်ပတ်သက်ပြီး ရှေ့ဆောင်ဆရာတစ်ဦး ဖြစ်သည့် မဟ်မူဒ် ဟာဒရ်အနေဖြင့် ကြေငြာပြောကြားသည်။

မွတ်စလင်မဟုတ်သူများ ကို ဤ ရှင်းလင်းပွဲ အစီအစဉ်များ တက် ရောက်နေရာယူပေးရန် မေတ္တာရပ်ခံ ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်မှာ အစ္စလာမ်မီ အသိုင်းအဝိုင်း ၊ ဥပဒေများ ၊ ဤကောင်းကင်ကျ ထင်ရှား ပြတ်သားသည့် အစ္စလာမ်သာသနာတော် ၏ အမိန့်တော်များ ကိုအနီးကပ်လေ့လာ သိရှိ နားလည် နိုင်ရန်  ဖြစ်ပါသည်။

ဤကဲ့သို့ သိရှိပြီး အစ္စလာမ်ရန်သူများ ၏ အစ္စလာမ် အမည်ခံ လုပ်ကြံမှုအစီအစဉ်များနှင့် အစ္စလာမ်အစစ်အမှန် ကို ခွဲခြား နိုင်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။