အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
သောကြာနေ့

၅ စက်တင်ဘာ ၂၀၁၄

၂၂:၀၇:၀၀
635767

(၁) စူရဟ် ဟမ်ဒ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဟမ်ဒ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

 

(၁) စူရဟ် ဟမ်ဒ် အကြောင်း သိကောင်းစရာ
အမည် -  ဟမ်ဒ်
အဓိပ္ပာယ် - ချီးမွမ်းထောပနာမှု ၊ ကျေးဇူး
ဤ အမည်ထွင်ရသည့် အာယသ်တော်  - ပထမ အာယသ်တော်
အလ်ဟမ်ဒ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
အလ်ဟမ်ဒ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၈ ကြိမ်
အစောင် - ၁
ရကူအပိုဒ်တော်ပေါင်း - ၁
အာယသ်တော်ပေါင်း - ၇
စကားလုံးတော်ပေါင်း - ၂၉
အက္ခရာတော်ပေါင်း -  ၁၄၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု -  ၂ ကြိမ်
ကျမြန်းတော်မူသည့်နေရာ -  မက္ကာဟ် ရွှေမြို့   တော် ၊ မဒီနာ ရွှေမြို့   တော်တွင်လည်း ၁ကြိမ်
ကျမြန်းသည့် အနေအထား - တကြိမ်တည်း အစ ၊အဆုံး
ကျမြန်းသည့်အမှတ်စဉ် - ၅
ဤစူရဟ် အလျင်း ကျမြန်းသည့်စူရဟ် - စူရဟ် မိုဒစေရ်
ဤစူရဟ် ပြီးနောက် ကျမြန်းသည့်စူရဟ် - စူရဟ် မစဒ်
ဤစူရဟ်၏ အခြားအမည်များ -  ဟမ်ဒ် ၊ ရှိုက်ရ် ၊ ဖာသေဟဟ် ၊ စဗ်အေမစာနီ ၊ အိုလ်မိုလ် ကေသာဗ် ၊ အိုလ်မိုလ် ကုရ်အာန် စသည်ဖြင့် …
အမည့်ထွင်ရသည့်အကြောင်း  - အာယသ်တော်အစတွင် အလ်ဟမ်ဒ် ဆိုသည့် စကားလုံးနှင့် အစ
                                               ပြုထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။
ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁ ။ အမည်နှင့် လကဗ်တော်အများတကာအများဆုံးစူရဟ်တော်
                                                 ၂ ။ ၂ကြိမ် ကျမြန်းခဲ့သည့် စူရဟ်တော်
                                                 ၃ ။ ကျမ်းတော်မြတ် ကုရ်အာန်၏ အစပထမ စူရဟ်တော်
                                                 ၄ ။ ဝါဂျစ်ဗ် နှင့်မိုစ်သဟဗ်နမာဇ် တိုင်းတွင် မဖတ်မနေရ  
အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်။
                          “ အကြင်မွတ်စလင်မ်မည်သူမဆို ဤစူရဟ် တော်အားသေလာဝသ် ပြုမည်ဆို
                          လျှင် ကျမ်းတော်မြတ်ကုရ်အာန် ၏ ၃ပုံ၂ပုံ ကိုသေလာဝသ်ပြုခြင်းမည်လေ၏။
                          မိုမေနီ၊မိုမေနသ် အားလုံးကို ဆဒ်ကာပေးဆောင်သည့် စဝါးဗ်ရရှိမည် ဖြစ်ပါ
                          သည်။ ” (မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၁ စာမျက်နှာ ၄၈)
ကျမ်းကိုး -  (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း  - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ)  ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့  )) တည်ထောင်သူ
A.F.H.M