(၂) စူရဟ် ဗက္က်ရာဟ် အကြောင်း သိကောင်းစရာ
အမည် - ဗက္က်ရာဟ်
အဓိပ္ပာယ် - နွားမ
ဤ အမည်ထွင်ရသည့် အာယသ်တော် - ၆၇ ပါး မြောက် အာယသ်တော်
ဗက္က်ရာဟ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၄ ကြိမ် (ဗက်္ကရာ - ၁ကြိမ်)
ဗက္က်ရာဟ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၄ ကြိမ်၊(ဗက်္ကရာ - ၃ ကြိမ်)၊(ဗက်္ကရာသ် - ၂ ကြိမ်) ပေါင်း ၉ ကြိမ်
အစောင် - ၁၊၂၊၃
ရကူအပိုဒ်တော်ပေါင်း - ၄၀
အာယသ်တော်ပေါင်း - ၂၈၆
စကားလုံးတော်ပေါင်း - ၆၁၄၃
အက္ခရာတော်ပေါင်း - ၂၆၂၅၆
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၈၂ ကြိမ်
ကျမြန်းတော်မူသည့်နေရာ - မဒီနာ ရွှေမြို့ တော်
ကျမြန်းသည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျမြန်းသည့်အမှတ်စဉ် - ၈၇
ဤစူရဟ် အလျင်း ကျမြန်းသည့်စူရဟ် - စူရဟ် မိုသွဖဖီးန်
ဤစူရဟ် ပြီးနောက် ကျမြန်းသည့်စူရဟ် - စူရဟ် အန်ဖာလ်
ဤစူရဟ်၏ အခြားအမည်များ - ဗက္က်ရာဟ် ၊ ဖစ္စ်သွာသိုလ်ကုရ်အာန် ၊စနန်မိုလ်ကုရ်အာန်
အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ်တော် တွင်ဗနီအစ္စရာအီးလ်(အစ္စရေးလူမျိုး၊ရဟူဒီလူမျိုး
များ၏နွားမ အကြောင်းလာရှိသည့်အတွက်ဖြစ်ပါသည်။
ထူးခြားသည့်ကြင်အင်လက္ခဏာ - ၁ ။ ကျမ်းတော်မြတ်ကုရ်အာန်၏ အရှည်ဆုံးစူရဟ်တော်
၂ ။ ဤ စူရဟ်တော် တွင် ဖေက်ဟီ (ရှရီအီဥပဒေ) ၁၃၀ချက်
ကိုတင်ပြထားပါသည်။
၃ ။ ဗိုက်သွလ်မိုကဒက်စ် ဖက်မျက်နှာမူရာမှ ကအ်ဗာကျောင်း
တော်ဖက်သို့ မျက်နှာမူရန်အမိန့် ဤစူရဟ်တော်အတွင်း
တွင်ပါဝင်ပါသည်။
၎ ။ ဟူရူဖေမိုကသွအာသ်နှင့်စသည့် ပထမဆုံးစူရဟ်ဖြစ်၏။
အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်။
“ အကြင်မည်သူမဆို စူရဟ် ဗက္က်ရာဟ် သေလာဝသ်ပြုခဲ့မည် ဆိုလျှင် မြတ်
အလ္လာဟ်၏ ရဟ်မဒ်တော်နှင်ဒရူးဒ်တော် ၎င်းသူအပေါ်သက်ရောက်မည် ဖြစ်
ပါသည်။ ၎င်းသူအတွက် အလ္လာဟ်ဟိုအရှင်မြတ်၏ လမ်းစဉ်တော်တွင် ထိန်း
သိမ်းစောင့်ရှောက်သူများရရှိ သည့်အကျိုးစဝါးဗ်ကိုရရှိမည် ဖြစ်ပါသည်။ ”
သည်။ ” (မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၁ စာမျက်နှာ ၇၄)
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ
A.F.H.M