အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
သောကြာနေ့

၁၂ စက်တင်ဘာ ၂၀၁၄

၁၆:၂၁:၄၃
637311

(၃) စူရဟ် အာလေ့ အေမ်ရာန် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အာလေ့ အေမ်ရာန် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

(၃) စူရဟ် အာလေ့ အေမ်ရာန် အကြောင်း သိကောင်းစရာ
အမည် - အာလေ့ အေမ်ရာန်
အဓိပ္ပာယ် -  အေမ်ရာန်၏ သားသမီးများ
ဤ အမည်ထွင်ရသည့် အာယသ်တော်  -  ၃၃ပါး မြောက်အာယသ်တော်
အေမ်ရာန် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်
အေမ်ရာန် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ကြိမ၊် ဤစူရဟ် တော်၏အာယသ်တော်၃၃ နှင့် ၃၅ တွင် ၂ကြိမ် ၊ စူရဟ် သဲဟ်ရီးမ် အာယသ်အမှတ် ၁၂ တွင် ၁ကြိမ်                                                                    
အစောင် - ၃၊၎
ရကူအပိုဒ်တော်ပေါင်း - ၂၀
အာယသ်တော်ပေါင်း - ၂၀၀
စကားလုံးတော်ပေါင်း - ၃၅၀၀
အက္ခရာတော်ပေါင်း -  ၁၄၉၈၄
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု -  ၂၀၉ ကြိမ်
ကျမြန်းတော်မူသည့်နေရာ -  မဒီနာရွှေမြို့  တော် (စူရဟ် တစ်ခုလုံး)
ကျမြန်းသည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျမြန်းသည့်အမှတ်စဉ် - ၈၉
ဤစူရဟ် အလျင်း ကျမြန်းသည့်စူရဟ် - စူရဟ်အင်န်ဖာလ်
ဤစူရဟ် ပြီးနောက် ကျမြန်းသည့်စူရဟ် - စူရဟ် အဲဟ်ဇာဗ်
ဤစူရဟ်၏ အခြားအမည်များ -အာလေ့ အေမ်ရာန် ၊ သွယေဗာ
အမည့်ထွင်ရသည့်အကြောင်း  - အေမ်ရာန် ၏ သားသမီးများအကြောင်း တင်ပြထားမှုကြောင့်
ထူးခြားသည့်ကြင်အင်လက္ခဏာ -  မိုဘာဟေလာ၏ အာယသ်တော် သည် ဤစူရဟ်တော် အတွင်းပါဝင်ပါသည်။ မိုဘာဟေလာ၏ အာယသ်တော်အရ ဟဇရသ် အလီ (အ.စ) သည် နဖ်စေရစူလ် (ဆွ) ဖြစ်တော်မူပြီး အေမာမ်ဟစန် (အ.စ) နှင့်အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်တို့ သည် တမန်တော်မြတ်ကြီး (ဆွ) ၏ သားတော်များ ဖြစ်ပါသည်။
အကျိုးအာနိသင် - မဟာတမန်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်။
  “အကြင်မည်သူမဆို စူရဟ် ဗက္က်ရာဟ် နှင့် စူရဟ် အာလေ့ အေမ်ရာန် သေလာဝသ်ပြုခဲ့မည် ဆိုလျှင်  ကေယာမသ်နေ့ (ကမ္ဘာတရားစီရင်မည့်နေ့တွင် ဤစူရဟ် နှစ်ခုစလုံးသည်  သေလာ ဝသ်ပြုသူ၏ ခေါင်းဝယ် အရိပ် ပြုပေးတော်မူချေမည်။ ”
(မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၂ စာမျက်နှာ ၂၃၂)
ကျမ်းကိုး -  (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း  - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ)  ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့  )) တည်ထောင်သူ
A.F.H.M