အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဘိုကိုဟရမ်အခြေစိုက်ရာ နိုင်ငံအရှေ့မြောက်ပိုင်းဒေသမှ ဓားစာခံပေါင်း ၈၀၀ ကျော်ကို မိမိတို့တပ်ဖွဲ့က ယခုတစ်တပ်အတွင်း လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။
အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် လူပေါင်း ၅၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဘိုကိုဟရမ် တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့ကာ တစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့သည်ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆာနီ ကူကာရှီကာ အူစမန်က ပြောကြားခဲ့သည်။
ယမန်နေ့က စစ်တပ်၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ ဒေသတွင်း အခြား ၁၁ ရွာမှ ၃၀၉ ဦးကို ထပ်မံ ကယ်တင်နိုင်ခဲ့ပြီး ထိုစစ်ဆင်ရေးတွင် အကြမ်းဖက်သမား အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
နိုက်ဂျီးရီးယားအစိုးရမှာ ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့ကို တောက်လျှောက် ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ပြန်ကြားရေးဝန်ကြီး လာအီ မိုဟာမက်ကမူ ဘိုကိုဟရမ်မှာ ကြီးမားသည့် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည့် စွမ်းအား မရှိတော့လောက်အောင် အားနည်းသွားခဲ့သည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
Ref: Aljazeera
==============================
251 / End
၂၅ မတ် ၂၀၁၆ - ၁၉:၁၀
News ID: 743131

ဘိုကိုဟရမ်အခြေစိုက်ရာ နိုင်ငံအရှေ့မြောက်ပိုင်းဒေသမှ ဓားစာခံပေါင်း ၈၀၀ ကျော်ကို မိမိတို့တပ်ဖွဲ့က ယခုတစ်တပ်အတွင်း လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။