အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၃၁ အောက်တိုဘာ ၂၀၁၆

၂၀:၁၀:၂၆
789028

အမျိုးသမီး များဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် သင်တန်း ပြီးဆုံး ၊အင်ဒိုနီးရှား

ရောင်ဇာယေ အေမာမ် ဟိုစိုင်း (အ.စ) ၏ ကျမ်းတော်မြတ်ကုရ်အာန် ဌာန ၏ သတင်း ပေးပို့ ချက်အရ အီရတ် နိုင်ငံ ကရ်ဗလာ မြို့ ရှိ အေမာမ် ဟိုစိုင်း (အ.စ) ၏ရောင်ဇာတော် ရှိ ဒါရိုကုရ်အာန် ၏ အထောက်အပံ့ ဖြင့် အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း အနောက်ပိုင်း ရှိ ဘန်ဒေါင်း မြို့တွင် ကျမ်းတော်မြတ်ကုရ်အာန် သင်တန်း တစ်ခု ကို ကျမ်းပခဲ့ပါတယ်။ ၎င်းသင်တန်း တွင် သင်တန်းသူ အဖြင့် ဆရာ မ ၁၀ ဦး လည်း ပါဝင်ခဲ့ပါတယ်။


ရောင်ဇာယေ အေမာမ် ဟိုစိုင်း (အ.စ) ၏ ကျမ်းတော်မြတ်ကုရ်အာန် ဌာန ၏ တာဝန်ခံ ဟာဖေဇ် မွန်သဇေရ် အလ်မန်စူရီ ၏ တင်ပြချက်အရ ကျမ်းတော်မြတ် ကုရ်အာန်  သင်တန်းသူများ တွင် ဒေါက်တာ များ နှင့်ဆရာ မ များ ပါဝင်ကြောင်း ဖြစ်ပါတယ်။


၎င်းမှဆက်လက်ပြီးတင်ပြသည်မှာ ဤ ကျမ်းတော်မြတ် ကုရ်အာန်  သင်တန်း တွင် သဂ်ျဝီးဒ် ၊ဟေဖ်ဇ် ၊ ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်အူစူလ် နှင့် အဲဟ်ကာမ် များ ပါဝင် ကြောင်း ပါတယ်။


သတင်း အထောက်အထားအရ  အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း အနောက်ပိုင်း ရှိ ဘန်ဒေါင်း မြို့ ရှိ အဇ်ဇဲဟ်ရာ (စ.အ) အေမာမ်ဘာရာ တွင် ကျင်းပခဲ့  ခြင်း ဖြစ်ပါတယ်။ အဇ်ဇဲဟ်ရာ (စ.အ) အေမာမ်ဘာရာ ၏ အကျော် အမော် တရားဟော ဆရာ ဆယက်ဒ် ဟိုစိုင်း အလ်ကာဖ် အနေဖြင့် အောင်မြင်သူ သင်တန်းသူများ ကို  အောက်လက်မှတ် နှင့် ဆုများ ချီးမြှင့်ခဲ့ပါတယ်။


မှတ်သားစရာအချက်မှာ အေမာမ် ဟိုစိုင်း (အ.စ) ၏ရောင်ဇာတော် ရှိ ဒါရိုကုရ်အာန် ၏ အထောက်အပံ့ ဖြင့် အင်ဒိုနီးရှား နိုင်ငံ ၏ နေရာ အစုံ တွင် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ သင်တန်း ပါင်း ၂၀၀ ကျော် ကျင်းပပေးခဲ့ပြီး  ဖြစ်ပါတယ်။

=================


251/End