အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၂၄ နိုဝင်ဘာ ၂၀၁၆

၂၀:၀၇:၁၃
794067

အီဂျစ်နိုင်ငံတွင် ရှေးဟောင်းသုတေသန ပညာရှင်များက ရှေးဟောင်းမြို့တခုကို တူးဖော်တွေ့ရှိ

အီဂျစ်နိုင်ငံတွင် ရှေးဟောင်းသုတေသနပညာရှင်များက နေအိမ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အိုးခွက်များနှင့် ကြီးမားသော လှိုဏ်ဂူကြီးများ ပါဝင်သော လွန်ခဲ့သော နှစ်ပေါင်း ၇ထောင်ကျော်က ရှေးဟောင်းမြို့တမြို့ကို တူးဖော်တွေ့ရှိခဲ့သည်။



အီဂျစ်နိုင်ငံတွင် ရှေးဟောင်းသုတေသနပညာရှင်များက နေအိမ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အိုးခွက်များနှင့် ကြီးမားသော လှိုဏ်ဂူကြီးများ ပါဝင်သော လွန်ခဲ့သော နှစ်ပေါင်း ၇ထောင်ကျော်က ရှေးဟောင်းမြို့တမြို့ကို တူးဖော်တွေ့ရှိခဲ့သည်။

ထိုမြို့ဟောင်းကို နိုင်းမြစ်ဘေး စီတီဘုရားကျောင်းအနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုမြို့မှာ အီဂျစ်အစောပိုင်းခေတ်ကာလအတွင်း အရေးပါသော အရာရှိများနှင့် ဂူသချိင်္ုင်း တည်ဆောက်သူများ နေထိုင်ရာမြို့ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

အဆိုပါ ရှေးဟောင်းမြို့ တွေ့ရှိမှုသည် အီဂျစ်နိုင်ငံ၏ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော ခရီးသွားလုပ်ငန်းကို မြင့်တင်နိုင်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ထိုတူးဖော်တွေ့ရှိခဲ့သော ရှေးဟောင်းမြို့တွင် အဆောက်အအုံများ၊ အိုးခြမ်းပဲ့များ၊ သတ္တု ကျောက်တုံးဖြင့်ပြုလုပ်သော ပစ္စည်းကိရိယာများကိုလည်း ရှေးဟောင်းသုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။

ဘီဘီစီသတင်းဌာနမှ အရှေ့အလယ်ပိုင်း လေ့လာစမ်းစစ်သူ အယ်လန် ဂျွန်စတုန်းက ကြီးမားသော လှိုဏ်ဂူများတွေ့ရှိခြင်းက အလွန်အရေးပါသော တွေ့ရှိမှုဖြစ်ကြောင်း ပြောသည်။

နိုင်ငံရေး ပြဿနာများကြောင့် ဆိုးရွားစွာ ကျဆင်းခဲ့ရသော အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြန်လည်တိုးတက်ရန် ကြိုးစားနေရသောအချိန်တွင် ထိုရှေးဟောင်းမြို့တော်ကို တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
 
===================    
251 / End