အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၃၁ ဇူလိုင် ၂၀၁၇

၁၇:၀၃:၀၉
845321

(4) စူရဟ် နေစာ အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် နေစာ အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

(၄) စူရဟ် နေစာ အကြောင်း သိကောင်းစရာ

အမည် - နေစာ
အဓိပ္ပာယ် - အမျိုးသမီးများ
ဤ အမည်ထွင်ရသည့် အာယသ်တော် - ပထမ မြောက်အာယသ်တော်ကြောင့်
နေစာ ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂၀ ကြိမ်
နေစာ ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၅၇ ကြိမ်
အစောင် - ၄၊၅၊၆
ရကူအပိုဒ်တော်ပေါင်း - ၂၄
အာယသ်တော်ပေါင်း - ၁၇၆
စကားလုံးတော်ပေါင်း - ၃၇၆၃
အက္ခရာတော်ပေါင်း - ၁၆၃၂၈
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၂၈ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မဒီနာရွှေမြို့ တော် (စူရဟ် တစ်ခုလုံး)
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၉၂
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်မွမ်သဟေနဟ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဇေလ်ဇါလ်
အမည့်ထွင်ရသည့်အကြောင်း - အမျိုးသမီးများ နှင့် ပတ်သက်သည့် မိန့်ရပ် အများအပြား တင်ပြထား မှုကြောင့်
ထူးခြားသည့်ကြင်အင်လက္ခဏာ - (၁) စူရဟ်အားလုံးတွင် နေစာဆိုသည့် စာလုံးသည် ဤ စူရဟ်တော် တွင် အများဆုံးသုံးထားပါသည်။ (၂) မဲဟ်ရမ် နှင့်နာမဲဟ်ရမ် ဆိုတာ မည်သူများ ဖြစ်ကြောင်း အသေးစိတ် ဖော်ပြထားပါသည်။
အကျိုးအာနိသင် - မောင်လာအလီ (အ.စ) မိန့်တော်မူသည်။
“အကြင်မည်သူမဆို သောကြာနေတိုင်း စူရဟ် နေစာ ကို သေလာဝသ်ပြုမည် ဆိုလျှင် တစ်နည်းအားဖြင့် ကဗဲရ် ညှပ် ခြင်း မှ လုံခြုံမှုကို ရအောင် ဆောင်ရွက်ခြင်း မည်ပေသည်။”
(မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၃ စာမျက်နှာ ၅)
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ
A.F.H.M

===================

251 / End