အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂ ဩဂုတ် ၂၀၁၇

၁၉:၂၆:၅၇
845762

(၅) စူရဟ် မာအေဒဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မာအေဒဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


(၅) စူရဟ် မာအေဒဟ် အကြောင်း သိကောင်းစရာ

အမည် - မာအေဒဟ်
အဓိပ္ပာယ် - စားဖွယ်များခင်းထားသည့် အခင်း
ဤ အမည်ထွင်ရသည့် အာယသ်တော် - ၁၁၄ပါး မြောက်အာယသ်တော်
မာအေဒဟ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်
မာအေဒဟ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်
အစောင် - ၆၊၇
ရကူအပိုဒ်တော်ပေါင်း - ၁၆
အာယသ်တော်ပေါင်း - ၁၂၀
စကားလုံးတော်ပေါင်း - ၂၈၃၈
အက္ခရာတော်ပေါင်း - ၁၂၂၀၇
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၄၇ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မဒီနာရွှေမြို့ တော် (စူရဟ် တစ်ခုလုံး)
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ၊မြောက်များစွာသော သဖ်စီးပညာရှင်များ မှ စူရဟ် တစ်ပိုဒ်လုံး ကျရောက်ခဲ့ကြောင်း ဆိုထားကြပါသည်။
ကျရောက်သည့်အမှတ်စဉ် - ၁၁၂
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်ဖသ်ဟ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် သောင်ဗဟ်
ဤစူရဟ်၏ အခြားအမည်များ - (၁) မာအေဒဟ် (၂) အိုကူဒ် (၃) မွန်ကဇဟ်

အမည့်ထွင်ရသည့်အကြောင်း - ဟဇရသ် အီစာ (အ.စ) ၏ သာဝကတော်များ မှ မိုးကောင်းကင်မှ စားဖွယ်များခင်းထားသည့် အခင်း က ကျပေးရန် မေတ္တာ ရပ်ခံခဲ့ပါတယ်။ ဟဇရသ် အီစာ (အ.စ) အနေဖြင့်လည်း ဒိုအာပြုပေးခဲ့ပါတယ်။ နဘီ၏ ဒိုအာကို အလ္လာဟ် ဟိုအရှင်မြတ် သခင်မှ လက်ခံတော်မူခဲ့ပါသည်။ ဤဖြစ်ရပ်မှန် ကို ဤ စူရဟ် အတွင်း ဖော်ပြထားပါသည်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - ဒီးန်သာသနာ ပြီးပြည့်စုံကြောင်း နေအ်မသ်တော်တော် ဆုံးခန်းရောက်ပြီးဖြစ်ကြောင်း ကို ဤ စူရဟ်တော်တွင်ဖော်ပြထားပါသည်။ ဤစူရဟ်၏ အာ ယသ် တော် အမှတ် ၆၇ တွင် မောင်လာ အလီ (အ.စ) ၏ ဝေလာယသ် နှင့်အေမာမ်မသ် အကြောင်းကို မိန့်ဆို ထားပါတယ်။

အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် မာအေဒဟ် အား ကြာသပတေးနေ့ တိုင်း သေလာဝသ်ပြုမည်ဆိုလျှင် ၎င်း၏ အီမာန်သည် ဇူးလ်မ် (ခ) မတရား ညှဉ်းပန်း နှိပ်စက် ခြင်း မှ ကင်းတော်မူမည်။ မည်သည့် အခါမှာ ရှေရ်က် အလုပ်ကို လုပ်မည် မဟုတ်ချေ။ ”
(မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၃ စာမျက်နှာ ၂၅၇)

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ
A.F.H.M

===============
251 / end