အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၆ ဒီဇင်ဘာ ၂၀၁၇

၂၀:၂၈:၃၉
871335

(၆) စူရဟ် အန်အာမ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အန်အာမ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


(၅) စူရဟ် အန်အာမ် အကြောင်း သိကောင်းစရာ

အမည် - အန်အာမ်
အဓိပ္ပာယ် - သားကောင်များ
ဤ အမည်ထွင်ရသည့် အာယသ်တော် - ၁၃၆ ပါး မြောက်အာယသ်တော်
အန်အာမ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၆ ကြိမ်
အန်အာမ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၂ ကြိမ်
အစောင် - ၇၊၈
ရကူအပိုဒ်တော်ပေါင်း - ၂၀
အာယသ်တော်ပေါင်း - ၁၆၅
စကားလုံးတော်ပေါင်း - ၃၀၅၅
အက္ခရာတော်ပေါင်း - ၁၂၇၂၇
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၈၇ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်
ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ခါတည်းကျရောက်)
ကျရောက်သည့်အမှတ်စဉ် - ၅၅
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဟဂ်ျရ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဆွာဖါသ်


အမည့်ထွင်ရသည့်အကြောင်း - (၁) ရှိသမျှ စူရဟ် အားလုံးတွင် အန်အာမ်ဆိုသည့် စကားလုံး ဤ စူရဟ်တော်တွင်အများဆုံး လာရှိသည့်အတွင်ကြောင့် ဖြစ်ပါတယ်။
(၂) သားကောင် နှင့်ပတ်သက်သည့် ရှရီအီ ဥပဒေ အကျယ် တဝန်း လာရှိသည့်အတွက် ကြောင့် ဖြစ်ပါတယ် ။

အကျိုးအာနိသင် - အေဗ်နေအဘာစ် ထံ မှ ရီဝါယသ်တော်လာရှိပါသည်။

“အကြင်မည်သူမဆို စူရဟ် အန်အာမ် အား ညစဉ် ညတိုင်း သေလာဝသ်ပြုမည်ဆိုလျှင် ၎င်းသူသည် ကေယာမသ်နေ့ တွင် လုံခြုံမှု အောက်တွင် ရှိပေလိမ့်မည်။ ”
(မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၄ စာမျက်နှာ ၆)

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ
A.F.H.M
=======================
251/ End