အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၆ ဖေဖော်ဝါရီ ၂၀၁၈

၁၄:၄၆:၄၀
882174

စူရဟ် သောင်ဗာ အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် သောင်ဗာ အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

(၉) စူရဟ် သောင်ဗာ  အကြောင်း သိကောင်းစရာအမည် - သောင်ဗာ အဓိပ္ပာယ် -ဝင်ချ တောင်းပန်ခြင်း ဤ အမည်ထွင်ရသည့် အာယသ်တော် - ၁၀၄  ပါး မြောက်အာယသ်တော်သောင်ဗာ  ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်သောင်ဗာ  ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၆ ကြိမ်အစောင် - ၁၀၊၁၁ရကူအပိုဒ်တော်ပေါင်း - ၁၆အာယသ်တော်ပေါင်း - ၁၂၉စကားလုံးတော်ပေါင်း - ၂၅၀၅အက္ခရာတော်ပေါင်း - ၁၁၁၁၆ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၆၉ ကြိမ်ကျရောက်တော်မူသည့်နေရာ - မဒီနာရွှေမြို့ တော်ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ၊အချို့ သဖ်စီပညာရှင်များ အနေဖြင့် သဖ်အီ (တစ်ချိန်တည်း )ကျရောက်ခဲ့သည်ဟု ဆိုထားကြပါသည်။ကျရောက်သည့်အမှတ်စဉ် - ၁၁၃ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မာအေဒဟ်ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် နစ်ရ် ဤစူရဟ်၏ အခြားအမည်များ - (၁) သောင်ဗာ  (၂) ဗရာအသ် (၃) ဖါဆွေဟ်  (၄) မခ်ဇီယေဟ် (၅) ဆိုက်ဖ်   အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ်တွင် သောင်ဗာကို လက်ခံမည့် စည်းမျည်းစည်းကမ်းကို ဖော်ပြထားပါတယ်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - ဤစူရဟ်သာလျှင် ဗစ်မေလ္လာဟ် ဟေရဲဟ်မန်နေရဟီးမ် မပါဘဲ ကျသည့်စူရဟ် ဖြစ်ပါသည်။ အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။ “ အကြင်မည်သူမဆိုလစဉ်လတိုင်း စူရဟ် အန်ဖါလ် နှင့် စူရဟ် သောင်ဗာ အားသေလာဝသ်ပြုမည်ဆိုလျှင် ၎င်း သည်  နေဖါက် (အရေခြုံမှု) မှ ကင်းင်္လတ်ပေမည်။  ပြီးနောက် အမီးရွလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏  အချစ်ထား လိုလားသူများ စာရင်းတွင် ပါဝင်သတ်မှတ်ခြင်းခံရမည် ဖြစ်ပါသည်။” (သဖ်စီးရ် အယာ ရှီ ကျမ်း အတွဲ ၂ စာမျက်နှာ ၂၁၃ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ A.F.H.M =================

251 / End