အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ ဖေဖော်ဝါရီ ၂၀၁၈

၁၉:၃၇:၀၅
882329

(၈) စူရဟ် အန်ဖါလ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အန်ဖါလ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

(၈) စူရဟ် အန်ဖါလ် အကြောင်း သိကောင်းစရာအမည် - အန်ဖါလ်အဓိပ္ပာယ် -  စစ်အောင်နိုင်၍ ရရှိသည့်ပစ္စည်း ဤ အမည်ထွင်ရသည့် အာယသ်တော် - ပထမ  မြောက်အာယသ်တော်အန်ဖါလ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်အန်ဖါလ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်အစောင် - ၉၊၁၀ ရကူအပိုဒ်တော်ပေါင်း - ၁၀အာယသ်တော်ပေါင်း - ၇၅စကားလုံးတော်ပေါင်း - ၁၂၄၃အက္ခရာတော်ပေါင်း - ၅၃၈၈ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၈၈ ကြိမ်ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့ တော်ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)ကျရောက်သည့်အမှတ်စဉ် - ၈၈ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဗကရာဟ်ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အာလေအင်မ်မရာန်ဤစူရဟ်၏ အခြားအမည်များ - (၁) အန်ဖါလ် (၂) ဗဒဲရ်အမည့်ထွင်ရသည့်အကြောင်း - (၁) ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံးတွင် အန်ဖါလ် ဆိုသည့် စကားလုံး၂ကြိမ် သာ လာရှိပြီး ၂ကြိမ်လုံး ဤ စူရဟ်တော် အတွင်းလာရှိပေသည်။ဤအတွက်ကြောင့်ဖြစ်ပါတယ်။ (၂) ဥစ္စာပစ္စည်း နှင့် စစ်အောင်နိုင်၍ ရရှိသည့်ပစ္စည်းဆိုင်ရာ စည်းကမ်း ဥပဒေ များ ကို ဤ စူရဟ် တွင် ဖော်ပြထားပါတယ်။

ထူးခြားသည့်ကြင်အင်လက္ခဏာ -  ၁။ ဗဒဲရ် စစ်ပွဲ အကြောင်း ဤ စူရဟ်တွင် ဖော်ပြထားပါသည်။

၂။ ခွမ်းစ် နှင့်ပတ်သက်သည့် ရှရီအီ ဥပဒေများကို ဖော်ပြထားပါသည်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။ “အကြင်မည်သူမဆိုလစဉ်လတိုင်း စူရဟ် အန်ဖါလ် နှင့် စူရဟ် သောင်ဗာ အားသေလာဝသ်ပြုမည်ဆိုလျှင် ၎င်း ၏ နှလုံးသား တွင်မည်သည့်အခါမှ နေဖါက် (အရေခြုံမှု) နေရာယူမည် မဟုတ်ချေ။ ပြီးနောက် အမီးရွလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏ ရှီအာ များတွင် ပါဝင်သတ်မှတ်ခြင်းခံရမည် ဖြစ်ပါသည်။ ” (သဖ်စီးရ် အယာ ရှီ ကျမ်း အတွဲ ၂ စာမျက်နှာ ၁၈၁ )ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ A.F.H.M ================= 251 / End