အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ ဖေဖော်ဝါရီ ၂၀၁၉

၁၄:၄၃:၃၇
928349

ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင် ရာတွင် အီရတ် အမျိုးသမီး စံချိန်ချိုး

အီရတ် နိုင်ငံ ဗဆွာရာ မြို့သူ (ဟမီးဒေဂျအာဇ် မူစာ ) အမည်ရှိ အဖွား အို သည် အသက် ၉၀ အရွယ်တွင် ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံးကို အာဂုံဆောင် နိုင်ခဲ့ ကြောင်း သိရှိ ခဲ့ရပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ကာဖ် ကုရ်အာန် သတင်းဌာန ၏ သတင်း အထောက်အထား အရ အီရတ် နိုင် ငံ ဗဆွာရာ မြို့သူ (ဟမီးဒေဂျအာဇ် မူစာ ) အမည်ရှိ အဖွား အို သည် အသက် ကြီးမှ   ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံးကို  အာဂုံဆောင် နိုင်ခဲ့ ကြောင်း သိရှိ ခဲ့ရပါ တယ်။ သူမ အသက် မှာ ၉၀ ရှိပြီး ဖြစ်ကြောင်း ၊ အာဂုံဆောင်ချိန်မှာ ၆ နှစ်တာ ကြာမြင့်ခဲ့ကြောင်း သိရှိခဲ့ရပါတယ် ။
 
အသက် ၉၀ အရွယ်ရှိ အီရတ် အမျိုးသမီး အဖွား အို အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံးကို အာဂုံဆောင်၍ အသက်အရွယ်ထက် ရည်ရွယ်ချက် နှင့် ကတိကဝတ်  ဖြင့် လုပ်ဆောင်နိုင် ကြောင်း သက်သေ ထူခဲ့ပါတယ် ။
 
(ဟမီးဒေဂျအာဇ် မူစာ ) အမည်ရှိ အဖွား အို သည် ဟာဖေဇစေ ကုရ်အာန် အယောက် တစ်ထောင် သင်တန်းတွင် တက်ရောက်ပြီး အာဂုံဆောင် ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသင်တန်းသည် အာစတာနာ ဟိုစိန်နီ ၏ အကူအညီဖြင့် စတင်ခဲ့ခြင်းဖြစ်ပါတယ် ။ အဖွား အိုအနေဖြင့် သင်တန်းသို့ သွားရလာရသည့်ခရီး အကွာအဝေး နှင့် ဘဝ၏ အခက်အခဲများ ကို ဘေး ချိတ်ထားပြီး ဤ ဂုဏ်ကို ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဟာဖေဇစေ ကုရ်အာန် အယောက် တစ်ထောင် သင်တန်းတွင် တနိုင်ငံလုံး မှ ကျောင်းသား ကျောင်းသူ အယောက် ၄၆၀၀  ရှိကြောင်း သိရှိရပါတယ်။

=====================
251 /End