အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ နိုဝင်ဘာ ၂၀၁၉

၂၀:၀၃:၃၀
989000

ကျမ်းတော်မြတ် ကုရ်အာန် အား ကာကွယ် ပေးခဲ့သည့် နော်ဝေးနိုင်ငံသား အား ဆိုရှယ်မီဒီယာ မှ ချီးမွမ်း

နော်ဝေး နိုင်ငံ တွင် အစွန်းရောက် အုပ်စု ၏ ကျမ်းတော်မြတ် ကုရ်အာန် စော်ကား မှုကို ရပ်တန် ပေးခဲ့သည့် နော်ဝေး မွတ်စလင်မ် လူငယ် အား ဆိုရှယ် မီဒီယာ မှ ချီးကျူးဂုစ်ပြုခဲ့ ကြောင်း သိရှိခဲ့ ရပါတယ်။


                                                                           

ဒေလီတိုင်းမ် သတင်းသတင်းဌာန ၏သတင်း အရ နော်ဝေး နိုင်ငံ တွင် အစွန်းရောက် အုပ်စု ၏ ကျမ်းတော်မြတ် ကုရ်အာန် စော်ကား မှုကို ရပ်တန် ပေးခဲ့သည့် နော်ဝေး မွတ်စလင်မ် လူငယ် အား ဆိုရှယ် မီဒီယာ မှ ချီးကျူးဂုစ်ပြုခဲ့ ကြောင်း သိရှိခဲ့ ရပါတယ်။

နော်ဝေးနိုင်ငံ တွင် Sian အမည်ရှိ လူမျိုးရေးခွဲခြား သောလူဖြူအမျိုးသားတစ် ဦး သည် «Christian Sand»အမည်ရှိ မြို့ တွင် လူစုလူဝေးများ အကြား ကျမ်းတော်မြတ်ကုရ်အာန် အား မီး ရှို့ ဖျက်စီး ရန် ပြုနေချိန် မွတ်စလင်မ် လူငယ်တစ်ဦးမှ ၎င်းအားဝင်ရောက်တိုက်ခိုက် မှုကို ပြုခဲ့ပါတယ်။ အခင်း ဖြစ်ပွားရာ နေရာ သို့ ရဲများ ချက်ချင်းရောက်ရှိ လာပြီး တိုက်ခိုက်၍ လူငယ်အားဖမ်းဆီးခဲ့ကြပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် စော်ကားသူ အစွန်းရောက်အား လွတ်ပေးခဲ့ပါတယ်။

ဆိုရှယ်မီဒီယာ တွင် အခင်းဖြစ်ပွား သည့်ဗီဒီယိုကလစ် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှု့သူ အရေအတွက်မှာ ကြီးမားသည့် အရေအတွက် အထိ ရှိကြောင်း သိရှိခဲ့ရပါတယ် ။ ကြည့်ရှု့ သူ တစ်ဦး အနေဖြင့် ကော်မန့်တွင် မွတ်စလင်မ်များ စည်းရုံးခဲ့မည် ဆိုလျှင် မည်သူမျှ ကျွန်ုပ်တို့အား အောင် နိုင်မည် မဟုတ်ဟု ရေး သားထားကြောင်း သိရပါတယ်။

အခြား ကြည့် ရှု့သူတစ်ယောက်မှ လူအုပ်ကြီး အကြား မှ ကျမ်းတော်မြတ်ကုရ်အာန် ကို ရှဟီးဒ် မဖြစ်အောင် ကာကွယ် ပေးခဲ့သည့် လူငယ် ၏ သတ္တိ အား အားပေးချီးကျူး ကြောင်းရေးသားထားပါတယ်။

အိုဗိုင်သ်အလီ အမည်ရှိ အခြား ကြည့် ရှု့သူတစ်ယောက်မှ စစ်မှန်သည့် မွတ်စလင်မ် အစစ် သာလျှင် ကျမ်းတော်မြတ် ကုရ်အာန်ကို ကာကွယ် နိုင်ကြောင်း စကူလာရ် နှင့် လစ်ဘရယ်ရ် ဆိုလျှင် ကာကွယ် ပေး နိုင်မဟုတ်မဟုတ်ကြောင်း ရေးသားထားပါတယ်။

+++++++++++++++++++++++++++++

END / 251