ဗီဒီယို

  • အမေရိကန် စစ်တပ်၏  « LUCAS  » ဒရုန်းတစ်စင်း ပစ်ချဖျက်ဆီး ။ ။ video

    အမေရိကန် စစ်တပ်၏ « LUCAS » ဒရုန်းတစ်စင်း ပစ်ချဖျက်ဆီး ။ ။ video

    အဗ်နာ ။ ။ အီရန် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက အမေရိကန် စစ်တပ်၏ « LUCAS » ဒရုန်းတစ်စင်း ကို အီရန် ရေတပ် လေကြောင်းကာကွယ်ရေး စွမ်းအားဖြင့် ပစ်ချဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ IRIB သတင်းအေဂျင်စီ၏ သတင်းအရ အီရန် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ရာတွင် မတ်ခ၂၈ ရက်နေ့ ညနေ ၁၈:၃၀ နာရီ ခန့်တွင် ရန်သူဘက်မှ ကျူးကျော်လာသော ဒရုန်းတစ်စင်းကို ဘန်ဒရ်အဘာစ် ဒေသတွင် စစ်တပ် ရေတပ်၏ သတ္တိရှိသော တပ်ဖွဲ့ဝင်များက အောင်မြင်စွာ ပစ်ခတ်ပြီး လှဲချဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ယခု ပစ်ချဖျက်ဆီးခဲ့သော ဒရုန်းကိုပါ ထည့်သွင်းတွက်ချက်ပါက အီရန် နိုင်ငံ၏ ပူးပေါင်း လေကြောင်း ကာကွယ်ရေး ဌာနချုပ်၏ ပေါင်းစည်းထားသော ကာကွယ်ရေးကွန်ယက်မှ ပစ်ချဖျက်ဆီးခဲ့သော ဒရုန်းအရေအတွက်မှာ စုစုပေါင်း ၁၃၅ စင်း သို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။