၁၇ ဧပြီ ၂၀၂၁ - ၁၉:၃၀
မြစ်ကြီးနား ထောင်မှ အကျဉ်းသား ပေါင်း ၅၀၀ ကျော် ပြန်လွတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ အကျဉ်းသားအကျဉ်းသူပေါင်း ၅၀၅ ယောက်ကို ဧပြီ ၁၇ ရက် ဒီကနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ  အကျဉ်းသားအကျဉ်းသူပေါင်း  ၅၀၅ ယောက်ကို ဧပြီ ၁၇ ရက် ဒီကနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

မြစ်ကြီးနားထောင်ကနေ   အမျိုးသား ၃၉၀ ယောက်နဲ့ အမျိုးသမီး ၁၁၅ ယောက်ကို လွတ်ပေးခဲ့တာလို့ အကျဉ်းဦးစီးဌာနကနေသိရပါတယ်။  

“ပုဒ်မတွေ အကုန်လုံးကို လေးပုံတစ်ပုံ လွတ်ငြိမ်းသက်သာ ခံစားခွင့်ပေးပြီး အဲ့ဒီအထဲမှာ အကျုံးဝင်တဲ့ လူကိုလွတ်ပေးလိုက်တာပါ”လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ  အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေ အသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူပေါင်း နှစ်သောင်းကျော်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။

*****************************************************************
END / 251