အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာ အရ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က ထုတ်ပြန်သော ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်
အီရန်နိုင်ငံ၏ ရဲရင့်ပြီး စစ်မြေပြင်တွင် ကြံ့ကြံ့ခံရပ်တည်နေသော ပြည်သူများ ခင်ဗျား ...
လူကြီးမင်း တို့သည် ၂၂၀ ညတိုင်တိုင် လူသန်းပေါင်းများစွာ၏ စိတ်အားထက်သန်စွာ ပါဝင်မှု၊ မယိမ်းမယိုင်သော ရပ်တည်မှုနှင့် အမှန်တရား၊ တရားမျှတမှုတို့ကို ကာကွယ်ရန် ကြံ့ကြံ့ခံမှုတို့ဖြင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ကြပါသည်။ ထို့အပြင် ကမ္ဘာ့အခြေအနေများကို ပြုပြင်ပြောင်းလဲရာတွင် မိမိတို့၏ အခန်းကဏ္ဍကို ပါဝင်ထမ်းဆောင်ရန် အခြားလူမျိုးများကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ကြပါသည်။ ယင်းသည် အစ္စလာမ်၏ မိုဂျာဟစ်ဒ်ဒီးန် များ (အလ္လာဟ့် လမ်းတွင် တိုက်ပွဲဝင်နေသူများ ) အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ရရှိသော အရေးအကြီးဆုံး အထောက်အပံ့နှင့် စိတ်ဓာတ်ခွန်အားလည်း ဖြစ်ပါသည်။
အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ ရေတပ်မှ ရဲရင့်သော တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အမြင့်ဆုံးတပ်မှူး၏ အမိန့်နှင့် အီရန်ပြည်သူတို့၏ ယေဘုယျတောင်းဆိုချက်အရ ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာကို ကျင့်သုံးနိုင်ရန်အတွက် ယင်းရေလမ်းကြောင်း၏ စီမံခန့်ခွဲမှုကို မိမိတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိလျက်ရှိပါသည်။
အဆိုပါတပ်ဖွဲ့သည် ဤဒေသအတွင်း ကျူးကျော်လာသော စစ်တပ်များကို ဝင်ရောက်နေထိုင်ခွင့် မပြုခဲ့သကဲ့သို့ အနာဂတ်တွင်လည်း ခွင့်ပြုမည်မဟုတ်ပါ။ ဤစီမံခန့်ခွဲမှုကို အနှောင့်အယှက်ဖြစ်စေရန် ရန်သူဘက်မှ ပြုလုပ်လာသည့် လှည့်ကွက်များကိုလည်း အပြင်းထန်ဆုံး တုံ့ပြန်သွားမည်ဖြစ်ပါသည်။
ဤတာဝန်ကို ဆောင်ရွက်နေစဉ် နာရီအနည်းငယ်အကြာက အန်ဗီ ဆန်ရှိုင်း (NV Sunshine) ဟု အမည်ရပြီး အရည်ပျော်ရေနံဓာတ်ငွေ့ (LPG) တင်ဆောင်လာသော ကြီးမားသည့် ကုန်တင်သင်္ဘောတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါသင်္ဘောသည် နတ်ဝစ် (NatWit) ကုမ္ပဏီပိုင်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား၏ တောင်ဘက်တွင်ရှိသော တရားမဝင် ရေလမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းရန် ကြိုးပမ်းနေခဲ့ပါသည်။
တိုက်ခိုက်မှုကြောင့် သင်္ဘော၏ အင်ဂျင်ခန်းနှင့် စက်စနစ်များတွင် မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး သင်္ဘောမှာ ရပ်တန့်သွားခဲ့ပါသည်။
အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
၁။ ဤဖြစ်ရပ်များနှင့် ဒေသတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး တင်းမာမှုများ မြင့်တက်လာခြင်းအတွက် တိုက်ရိုက်တာဝန်ရှိသူမှာ အမေရိကန်၏ ကျူးကျော်စစ်တပ်ဖြစ်ကြောင်း အားလုံး သိရှိထားရမည်။
အမေရိကန်သည် ရေကြောင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီများနှင့် အာမခံကုမ္ပဏီများ၏ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ၎င်းတို့ကို လှည့်ဖြားခြင်းနှင့် ငွေကြေးအမြောက်အမြား လာဘ်ပေးခြင်းတို့မှတစ်ဆင့် ထိုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပေါ်လာစေရန် အကြောင်းဖန်တီးနေပါသည်။
ဤဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မနှစ်မြို့ဖွယ်ဖြစ်ရပ်များသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာမည်ဖြစ်ပါသည်။
၂။ အမေရိကန်၏ ကျူးကျော်သူများ၏ လှည့်ဖြားမှုကို ခံရသော ကုမ္ပဏီများသည် ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ စည်းမျဉ်းများကို ချိုးဖောက်သော ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုအောက်ရှိ သင်္ဘောအားလုံးအပေါ် လိုအပ်သည့် အရေးယူအပြစ်ပေးမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ အနာဂတ်တွင် စည်းမျဉ်းချိုးဖောက်သော သင်္ဘောများအပေါ် အရေးယူဆောင်ရွက်မှုသည် ဟော်မုဇ်ရေလက်ကြားအတွင်း၌သာ ကန့်သတ်ထားတော့မည်မဟုတ်ပါ။
ခွင့်ပြုချက်မရှိသော ရေလမ်းကြောင်းမှ ဖြတ်သန်းသည့် မည်သည့်သင်္ဘောကိုမဆို ဒေသတစ်ဝန်းလုံးတွင် လိုက်လံခြေရာခံသွားမည်ဖြစ်ပြီး အပြစ်ပေးအရေးယူမှုကိုလည်း မလွဲမသွေ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
و ما النصر الا من عند الله العزیز الحکیم
“အောင်မြင်မှု နှင့် အောင်ပွဲသည် အနန္တတန်ခိုးရှင်၊ အလွန်တရာ ဉာဏ်ပညာကြီးမားတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှသာ ဖြစ်ပေါ်လာသည်။”
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment