၄ ဩဂုတ် ၂၀၂၁ - ၁၉:၂၇
 သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ဆက်လက် မြင့်တက်မည်

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်သို့ ဆက်လက်မြင့်တက်နေအုံးမည်ဟု မိုးဇလဌာနက ယနေ့ နံနက် ( ဩဂုတ် ၄ရက် )တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်သို့ ဆက်လက်မြင့်တက်နေအုံးမည်ဟု  မိုးဇလဌာနက ယနေ့ နံနက်   ( ဩဂုတ် ၄ရက် )တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်မြစ်ဖြစ်သော သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခွဲခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်ပေခန့် ဆက်လက်တက်လာနိုင်သည်ဟု မိုးဇလဌာနက သတိပေးထားသည်။

" သောင်ရင်းမြစ်ရေက အတက်မြန်နေတယ်။ မိုးကလည်း ရွာနေသလို မြစ်ရေထပ်တက်လာရင် ရေဘေး ရှောင်ကြရအုံးမယ်"ဟု ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။

Photo: မြဝတီမြို့ မြေနိမ့်ပိုင်းနေရာများ ယနေ့ မြင်ကွင်း

 သောင်ရင်းမြစ်ရေ  ပြန်ကျသွားသည်မှာ ရက်အနည်းငယ်သာ ရှိသေး‌သော်လည်း သြဂုတ် ၃ ရက် ညကစ၍ မြေနိမ့်ပိုင်းနေရာများတွင် တစ်ကျော့ပြန်ရေဝင်လာသည့်အတွက် ရေဘေးဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

သောင်ရင်းမြစ်ရေ မြင့်တက်ခဲ့သည့် တစ်ချိန်တည်းတွင် မိုးကောင်းခဲ့၍ မြဝတီမြို့တွင် ဇူလိုင်လ နောက်ဆုံး ရက်သတ္တပတ်အတွင်းက ရေဘေးဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း မိုးကြီးနိုင်ကြောင်း သတိပေးချက်ကို မိုးဇလဌာနက ထုတ်ပြန်ထားသည်။



****************************************************************

END / 251