အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ရဲပြေးတစ်ဦးဖြစ်သူ ရဲတပ်သား ကျော်ကိုကိုဟာ CDMရဲပါလို့ လပွတ္တာမြို့ခံတွေကို လိမ်ညာပြီး အလှူငွေလိမ်လည်ပြီးနောက် လှိုင်သာယာရဲစခန်းမှာ သွားရောက်အဖမ်းခံပြီး တော်လှန်ရေးမှာ ပါဝင်နေသူတွေကို ဖော်ထုတ်မှုတွေ လုပ်ဆောင်နေကြောင်း သိရသည်။
ရဲပြေး ကျော်ကိုကိုဟာ လွတ်မြောက်ဒေသတစ်ခုကို ရောက်ရှိလာပြီးနောက် အခြားသော CDMရဲတပ်ဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်ကာ ခေါင်းဆောင်သဖွယ်အလှူငွေတွေကို လိမ်လည်အလှူခံပြီးနောက် ထွက်ပြေးကာ ဒီကနေ့ နိုဝင်ဘာလ ၂၃ရက်နေ့မှာ လှိုင်သာယာရဲစခန်းကို သွားရောက်ပြီး ဖော်ကောင်လုပ်နေတာဖြစ်တယ်လို့ လပွတ္တာမြို့နယ်က တော်လှန်ရေးအင်အားစုတွေက ပြောသည်။
“ကျွန်တော်တို့ဆီမှာ နေသွားတဲ့ကောင်ပါ၊ CDMဆိုပြီး ပထမလက်ခံထားမိတာ၊ သူလှမ်းခေါ်ထားလို့ ရောက်နေတဲ့ CDMတခြားရဲတွေလဲရှိတယ်၊ အလှူခံပြီး ငွေတွေလည်း လိမ်ပြီးရော သူ့အကြောင်းပေါ်ခါနီးတော့ ထွက်ပြေးသွားပြီး သွားဖော်ကောင်လုပ်တာ အခုမှသိရတာက သူကရဲပြေး CDMမဟုတ်ဘူး၊ အခုဒီမှာ ကျန်နေတဲ့ CDMရဲတွေပါ မကောင်းဖြစ်ဘူး စစ်ဆေးတာတွေ လုပ်နေရတယ်”ဟု လပွတ္တာမြို့နယ် တော်လှန်ရေးအင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရဲပြေးဖြစ်သူ ကျော်ကိုကိုဟာ လပွတ္တာမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေအပြင် အခြားသော သူနဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကိုပါ ဖော်ကောင်လုပ်နေတာကြောင့် သူနဲ့ ပက်သက်မိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမြန်ဆုံးရှောင်တိမ်းကြဖို့ကိုလည်း လွတ်မြောက်ဒေသမှာ ရောက်ရှိနေတဲ့ လပွတ္တာမြို့နယ် တော်လှန်ရေးအင်အားစုတွေက သတိပေးထားသည်။
*********************************************************************
END / 251
လပွတ္တာမြို့က ရဲပြေးတစ်ဦး CDMရဲ အယောင်ဆောင် ကာ လိမ်လည်မှု တွေ လုပ်ဆောင်ပြီးနောက် လှိုင်သာယာ ရဲစခန်း မှာ သွား အဖမ်းခံ
၂၄ နိုဝင်ဘာ ၂၀၂၁ - ၂၀:၀၇
News ID: 1201889
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ရဲပြေးတစ်ဦးဖြစ်သူ ရဲတပ်သား ကျော်ကိုကိုဟာ CDMရဲပါလို့ လပွတ္တာမြို့ခံတွေကို လိမ်ညာပြီး အလှူငွေလိမ်လည်ပြီးနောက် လှိုင်သာယာရဲစခန်းမှာ သွားရောက်အဖမ်းခံပြီး တော်လှန်ရေးမှာ ပါဝင်နေသူတွေကို ဖော်ထုတ်မှုတွေ လုပ်ဆောင်နေကြောင်း သိရသည်။