၇ နိုဝင်ဘာ ၂၀၂၃ - ၂၀:၂၁
စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန် တို့   လေကြောင်း ဖြစ် တိုက်ခိုက်လိုက်သည့် အလ်မအ်မဒါနီ ဆေးရုံ  အကြောင်း တစေ့ တစောင်း

စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန် တို့ လေကြောင်း ဖြစ် တိုက်ခိုက်လိုက်သည့် အလ်မအ်မဒါနီ ဆေးရုံ အကြောင်း တစေ့ တစောင်း ကို အမေး အဖြေ ပုံစံဖြင့် အဗ်နာ ပရိတ်သတ်များ လေ့လာ ရန် လွယ် အောင် တင်ပြလိုက် ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေး - စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန် တို့   လေကြောင်း ဖြစ် တိုက်ခိုက်လိုက်သည့် အလ်မအ်မဒါနီ ဆေးရုံ  အကြောင်း မိတ်ဆက် လေးပြောပြပေးပါ?

ဖြေ -  အီရန်သက္ကရာဇ် ၁၁၄၀၂ခုနှစ် မဲဟ်ရ်လ ၂၅ရက်နေ့  ခရစ် သက္ကရာဇ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့တွင် ဂါဇာရှိ ဆေးရုံ တစ်ရုံ အား အစ္စရေး မှ လေကြောင်းဖြစ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အရပ်သား ၅၀၀ကျော် သေဆုံးခဲ့ရခြင်း ကို ခေါ်ဆိုပါသည်။ ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြပါ တယ်။

အလ်မအ်မဒါနီ ဆေးရုံ  တိုက်ခိုက်မှုဟာ သူဖန်နိုလ်အက်ဆွာ  (ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ပြီးရင် အစ္စရေး၏ လက်တုံ့ပြန်မှုမှာ အသေ အပျောက် အများဆုံး ဖြစ်ရပ်ဖြစ် ကြောင်း ရိုက်တာသတင်းက ဖော်ပြပါထားပါ တယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ချုပ်နှင့် ကမ္ဘာ့နိုင်ငံအများအပြားက ဤ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး နိုင်ငံ အသီးသီးတွင် စုဝေးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါ တယ်။ အီရန်၊ အီရတ်နှင့် ဆီးရီးယားတို့တွင် အများပြည်သူ ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပြီး အီရန်နှင့် နာဂျဖ်တို့၏ ဟောင်ဇေဟ်အေလ်မီယေဟ်များ (သာသနာ့တက္ကသိုလ်များ ) ကို ပိတ်ထားခဲ့ကြပါ တယ်။

မီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးသည် ယခုတိုက်ခိုက်မှုတွင် အမေရိကန် MK-84 ဗုံးကို အသုံးပြုခဲ့ ကြောင်းဖြစ်ပါ တယ်။

 

မေး - ဤတိုက်ခိုက်မှု ဟာ အရပ်သားများ ကို တိုက်ခိုက် သတ်ဖြတ်ခြင်းဖြစ်တယ်ဆိုတာ ဟုတ်ပါသလား?

ဖြေ - ဟုတ်ပါတယ်။ အီရန်သက္ကရာဇ် ၁၁၄၀၂ခုနှစ် မဲဟ်ရ်လ ၂၅ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့ တွင် ဒဏ်ရာရလူနာများ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းများ နှင့် ပြည့်နေသည့် အလ်မအ်ဒါနီ ဆေးရုံ (သို့မဟုတ်) အလ်အဟ်လီယိုလ်အရဘီ ဂါဇာ အား အစ္စရေး မှ လေကြောင်းဖြစ် တိုက်ခိုက် ခဲ့ပါသည်။ ဒီတိုက်ခိုက်မှုမှာ အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပါ တယ်။ သေဆုံးသူများ၏ အရေအတွက်မှာ ၈၀၀ နှင့် ၁၀၀၀ အထိ ဖြစ်ကြောင်း တင်ပြထားကြ ပါ တယ်။

 ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ အဆိုအရ အဆိုပါ သေဆုံးသူ အများစု မှာ အမျိုးသမီးများ နှင့် ကလေးငယ်များ ဖြစ်ကြ တယ်။ မီဒီယာများသည် ဤသတ်ဖြတ်မှုကို လူမျိုးတုံး သတ်ဖြတ်မှု၊ အမှန်တကယ် မီးလောင်တိုက်သွင်းမှုနှင့် စစ်ရာဇ၀တ်မှုအဖြစ် အဓိပ္ပာယ် ဖွင့်ဆို ခဲ့ကြပါ တယ်။

မေး - ဤ ကိစ္စ ၏ အကြောင်းတရားများနှင့် ရည်ရွယ်ချက်များ ဖော်ပြပေးပါ?

ဖြေ - ဟုတ်ကဲ့ ...  သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများတွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များ၏ သူဖန်နိုလ်အက်ဆွာ  (ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိဆေးရုံကို တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ် ပါသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်တို့သည် ပါလက်စတိုင်းကို လွတ်မြောက်ရေးနှင့် သိမ်းပိုက်ထားသော နယ်မြေများတွင် အစ္စရေး၏ ဆက်လက်သိမ်းပိုက်မှုကို တားဆီးရန် ရည်ရွယ်သည့် စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး၊ အစ္စရေးအတွက် မကြုံစဖူးနှင့် ပြုပြင်၍မရသော နှင့်ရင်ဆိုင်ခဲ့ရပါ တယ်။

အလ်မအ်မဒါနီ ဆေးရုံ  တိုက်ခိုက်မှုဟာ သူဖန်နိုလ်အက်ဆွာ  (ခ) အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး ပြီးရင် အစ္စရေး၏ လက်တုံ့ပြန်မှုမှာ အသေ အပျောက် အများဆုံး ဖြစ်ရပ်ဖြစ် ကြောင်း ရိုက်တာသတင်းက ဖော်ပြပါထားပါ တယ်။

အလ်အာလန်မ် လေ့လာသုံးသပ် မှု အစီရင်ခံစာတွင်၊ ဤဂါဇာ မြို့သား များကို အတင်း အကျပ်ရွေ့ ပြောင်းစေခြင်း၊လူမျိုးတုံးသတ်ဖြတ်ခြင်း နှင့် လူမျိုးတုံးသတ်ဖြတ်ခြင်းတို့ အတွက် ထိတ် လန့် ကြောက်ရွံ့မှု များ ဖန်တီးခြင်းနှင့် အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး တွင် အစ္စရေးစစ်တပ် ကျရှုံးမှု အတွက် တုံ့ပြန် ခြင်းတို့သည် ဤတိုက်ခိုက်မှု၏ ရည်မှန်းချက်များထဲတွင် ပါဝင် ကြောင်း ဖော်ပြထားပါ တယ်။

မေး ၀ မည်သည့် တုံ့ပြန်မှုများ ရှိခဲ့ပါသနည်း?

ဖြေ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် မှ ဤတိုက်ခိုက်မှုတွင် အရပ်သား ရာနှင့်ချီ သတ်ဖြတ်ခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသည်ဟုပြောဆို ရှုတ်ချခဲ့ပါ တယ်။

ထို့အပြင် ဤတိုက်ခိုက်မှု ၏ အတိုင်းအတာများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အရေးပေါ် အစည်း အဝေးကျင်းပရန် ဆုံးဖြတ်ခဲ့ပါ သ တယ်။

ရုရှားအစိုးရက ယင်းသတ်ဖြတ်မှုသည် ရက်စက် ကြမ်းကြုတ် မှု၊ လူမဆန်မှု နှင့် ထိတ်လန့်ဖွယ်ရာဇ၀တ်မှုဟု ပြောဆိုထားပါ တယ်။

မေး - ကမ္ဘာ့ဒေသ အသီးသီးတွင် ဇီယွန်ဝါဒီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြတယ်ဆိုတာ ဟုတ်ပါ သလား?

ဖြေ - ဟုတ်ပါတယ်။ ရိုက်တာ သတင်းဌာန၏အဆိုအရ ဤတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စလာမ် မစ် နိုင်ငံများနှင့် အစ္စလာမ်မစ် မဟုတ်သောနိုင်ငံအသီးသီးမှ လူများသည် လမ်းများပေါ်ထွက်ကာ စုဝေးသ ပိတ်မှောက် ဆန္ဒပြ မှု များ ပြုလုပ်ခဲ့ကြပါ တယ်။ ဂျော်ဒန်နိုင်ငံ တွင် အစ္စရေးသံရုံးကို မီးရှို့ခဲ့ကြပါ တယ်။

အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ပြင်သစ်၊ ဆော်ဒီအာရေဗျ၊ စပိန်၊ တူရကီ၊ ဖင်လန်၊ အင်ဒိုနီးရှား၊ တရုတ်၊ အီဂျစ်၊ ကာတာနှင့် ဆီးရီးယား၊ယူအေအီ ၊ တူနီးရှားနှင့် အခြားနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ဤတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပါ တယ်။ ဆန္ဒပြသူများသည် ပါလက်စတိုင်းကို အစ္စလာမ်မစ် နိုင်ငံများ ထောက်ခံ ရန် နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တရားရုံးများတွင် အစ္စရေးခေါင်းဆောင်များကို တရားစီရင်ရန် တောင်းဆိုခဲ့ကြပါ တယ်။

မေး - လူထု ဝမ်းနည်းခြင်း နှင့် ရှီအဟ် ဟောင်ဇေအေလ်မီယေဟ်များ ပိတ် ခြင်းကို ပြုလုပ်ခဲ့သည်ဟု သိရှိရပါတယ်။ဟုတ်ပါသလား?

ဖြေ - ဟုတ်ပါတယ်။ အနည်းငယ် ပြောရမည်ဆိုတော့ ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရှုတ်ချပြီး နောက်၊ အီရန်တွင် လူထု ဝမ်းနည်းခြင်း တစ်ရက် နှင့် အီရတ် ဆီးရီးယား နှင့် ဂျော်ဒန် တို့တွင် သုံးရက် ကြေညာခဲ့ပါ တယ်။

အီရန် နိုင်ငံ အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော်ရှိ  အမိုးခုံးအလံ၏ အရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်သို့ ပြောင်းလဲခဲ့ပါ တယ်။ ထို့အပြင်၊ အီရန်နိုင်ငံတစ်ဝှမ်းရှိ ဟောင်ဇေဟ် အေလ်မီယေဟ်များ (သာသနာ့တက္ကသိုလ်များ ) နှင့် နဂျဖ် ရှိ ဟောင်ဇေဟ်အေလ်မီယေဟ် (သာသနာ့တက္ကသိုလ် ) ကို အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ပိတ်ခဲ့ပါ တယ်။ ကွမ်းမြို့ရှိ သာသနာ့ ကျောင်းသား များ နှင့် ဆရာများသည် ဇီယွန်ဝါဒီ အစိုးရကို ရှုတ်ချသည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြပါ တယ်။ ကွမ်းမြို့တွင် သီတင်းသုံး နေထိုင် သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူရီဟမ်ဒါနီ အနေဖြင့် ဤတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ် နိုင်ငံများနှင့် အီရန်ပြည်သူများအား ဂါဇာရှိပြည်သူများအား အကူအညီပေးရာတွင် မည်သည့် လစ်လပ်မှု မှမရှိကြရန် တောင်းဆိုခဲ့ပါ တယ်။

မေး - ကိုလံဘီယာနိုင်ငံ မှာ  အစ္စရေးသံအမတ်ကို နှင်ထုတ်ဆိုတာ ကကော် ဟုတ်ပါသလား?

ဖြေ - ဟုတ်ပါတယ်။ ဤတိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေဖြင့် ကိုလံဘီယာနိုင်ငံ မှ အစ္စရေးနိုင်ငံ နှင့် သံတမန်ဆက်ဆံရေး ဖြတ် တောက်ခဲ့ ပြီး အစ္စရေးသံအမတ်ကို နှင်ထုတ်ခဲ့ပါ တယ်။ ထို့ပြင် အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံရာတွင် လည်း အစ္စလာမ်နိုင်ငံများ မှအစ္စရေး သံအမတ်များ ကို နှင်ထုတ်ရန်၊ အစ္စရေး ကုန်ပစ္စည်းများ အရောင်းမဝယ်မပြုကြရန် နှင့် ရေနံရောင်းချမှု ရပ်ဆိုင်းရေးတို့ကို တောင်းဆိုခဲ့ပါ တယ်။ တူရကီ၏ စအာဒသ် နှင့် အာယန်ဒေ သူရကီ ဆိုသည့် နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များသည် အန်ကာရာ  နှင့် တဲလ်လဝီဆယ်သွယ်မှု ဖြတ်တောက်ရန်  အစ္စရေး သံအမတ်အား တူရကီမှ နှင်ထုတ်ရန် တောင်းဆိုခဲ့ကြပါ တယ်။

 

မေး - အာရပ်နိုင်ငံအချို့၏ အကြီးအကဲများနှင့် အမေရိကန်သမ္မတပြုလုပ်မည့် အစည်းအဝေးကို ဖျက်သိမ်းဆိုတဲ့ အကြောင်း ကော် ပြောပြပေးပါ?

 

ဖြေ - အလ်ဂျဇီးရဟ် သတင်းဌာန ၏အဆိုအရ၊ ဤတိုက်ခိုက်မှုအပြီးတွင်၊ ဂျော်ဒန်နိုင် သည် မိမိ နိုင်ငံ တွင် ကျင်း ပမည့် အီဂျစ်သမ္မတ ၊ အမေရိကန်သမ္မတ၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ခေါင်းဆောင် တို့ ပါဝင် မည့်  လေးထောင့်မျက်နှာစာအစည်းအဝေး ကို ဖျက်သိမ်းခဲ့ပါ တယ်။

မေး - အစ္စရေး အနေဖြင့် အမေရိကန် ဗုံးများကို သုံး တယ်ဆိုတာ ဟုတ်ပါသလား?

ဖြေ - အမေရိကန်ဝေါစထရိသတင်းစာကို ကိုးကား၍ မီဒီယာအစီရင်ခံချက်များအရ အစ္စရေးသည် ဤတိုက်ခိုက်မှု တွင် အမေရိကန် MK-84 ဗုံးကို အသုံးပြုခဲ့ ခြင်းဖြစ်ပါ တယ်။ တူရကီသတင်းဌာန အနာသူလီ ၏ အစီရင်ခံချက်အရ အငြိမ်းစား စစ်ဘက်အရာရှိတစ်ဦးနှင့် ခဲယမ်းမီးကျောက်ကျွမ်းကျင်သူနှင့် တွေ့ဆုံ မေးမြန်းခန်း တွင် အလ်မအ်မဒါနီ ဆေးရုံ   ကို ဒုံ နှင့် တိုက်ခိုက်ခဲ့ရာတွင် အပေါက်တစ်ခုမှ ရှိသည်ကို မတွေ့ ရကြောင်းအကြောင်းမှာ အမေရိကန် ဗုံး MK-84 သည်ပစ်မှတ် နှင့့် သတ်မှတ်ထားသည့် အကွာအဝေးကို သာ ပေါက်ကွဲစေသည့် အတွက်ကြောင်းဖြစ်ကြောင်း အတည်ပြုဆိုထားကြပါ တယ်။

အလ်ဂျဇီးရဟ် သတင်းဌာန ၏ အဆိုအရ ဆေးရုံကို တိုက်ခိုက်မှုအတွက် အစမှာ အစ္စရေး အာဏာပိုင်တွေက လူသိရှင်ကြား တာဝန်ယူခဲ့ကြောင်း ဖော်ပြခဲ့ပါ တယ်။ အစ္စရေးစစ်တပ်၏ ဒစ်ဂျစ်တယ်မီဒီယာ၏ ပြောရေး ဆိုခွင့် ရှိသူ ဟနာနီယာနက်သာလီ မှ “အစ္စရေးလေတပ်သည် ဂါဇာရှိ ဆေးရုံတစ်ခုတွင် ဟားမတ်စ်တို့ ၏ အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်” ဟု တွစ်တာ တွင် ရေးသားခဲ့ပါ သည်။ ဟနာနီ ယာနက်သာလီ မှ  တွစ်တာ ရှိ မိမိပြောဆိုချက်အား အလွန် မြန်စွာဖျက်ချလိုက်ပါသည်။ အလ်ဂျဇီးရဟ် သတင်း ဌာန မှ ဟနာနီယာနက်သာလီ တင်ထားသည့် တွစ်တာ ဓာတ်ပုံကိုထုတ် လွှင့်ပေးခဲ့ပါသည်။ (30)

သို့သော်လည်း အစ္စရေးနှင့် အမေရိကန် တာဝန်ရှိသူများက အဆိုပါ ဆေးရုံ ပေါက်ကွဲမှုသည် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှု၏ မအောင်မြင်သော ဒုံးပျံ စစ်ဆင်ရေး၏ ရလဒ်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ကြပါ တယ်။

 

ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှု သည် အစ္စရေး ၏ ဤ စွပ်စွဲ လိမ်ညာ ပြောကြားချက်ကို ပယ်ချ ပြီး ဆေးရုံ ကို တိုက်ခိုက် ခြင်း ကို ငြင်းဆို ခဲ့ပါ တယ်။  ဤ ရာဇ၀တ်မှု အတွက် မိမိတို့သည် တာဝန် ခံ မဟုတ် ကြောင်း ပြောဆိုခဲ့ကြပါ တယ်။ ။ ဤ ဆေးရုံ နှင့် ဂါဇာမှာရှိသည့်  တခြားဆေးရုံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နှင့်  ဗုံးခွဲတိုက်ခိုက်မည် ဖြစ်ကြောင်း အစ္စရေးမှ ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုသည် အစ္စရေးလုပ်ရပ်ကို ပြနေကြောင်း အလေးပေးပြောကြားခဲ့ပါ တယ်။

အင်န်ဘီစီ သတင်းဌာန ၏ အဆိုအရ ပါလက်စတိုင်းတွင် ထိုကဲ့သို့သော အဖျက်စွမ်းအားနှင့် ပေါက်ကွဲ စေတတ်သော လက်နက်မျိုး မရှိသည့်အပြင် အစ္စရေး သည် အခြားသူများကို စွပ်စွဲပြီး လိမ်ညာကာ  အပြစ်ပုံချ သည့် သမိုင်းကြောင်းရှိကြောင်းကို ပြောကြားခဲ့ပါ တယ်။ ပေါက်ကွဲမှု၏ ပြင်းထန်မှုအား ထည့်သွင်း စဉ်း စားရာခြင်းဖြင့် ဒုံးကျည်သည် အစ္စရေး၏   ဒုံးကျည် မဟုတ် ကြောင်း  သတ်မှတ်ရန် အလွန်ခက်ခဲ ကြောင်း ဘီဘီစီ သတင်းထောက်မှ ကိုးကားဖော်ပြခဲ့ပါ တယ်။

မေး - အစ္စရေးသိမ်းပိုက်ထားသော နယ်မြေများရှိ အလ်ဂျဇီးရဟ်သတင်းဌာန  ရုံး များကို ပိတ်ပစ်တာဆို တာ ဟုတ်ပါသလား?

ဖြေ - ကာတာနိုင်ငံမှ အလ်ဂျဇီးရဟ်သတင်းဌာန မှ အစ္စရေးသည် ဤဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်သည့် အခိုက်အတန့် ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ပြီး ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှား များက ဒုံးပျံဖြင့် ပစ်ခတ်ခဲ့ကြောင်း အစ္စရေး၏ပြောဆိုချက်ကို ငြင်းဆိုခဲ့ပါ တယ်။

မရှ်ရေက် နယူးစ် ၏ အဆိုအရ အလ်ဂျဇီးရဟ်သတင်းဌာ ဤအစီရင်ခံစာကို ထုတ်ဝေပြီးနောက် အစ္စရေးသည် မိမိ သိမ်းပိုက်ထားသော နယ်မြေများတွင် ရှိသည့် အလ်ဂျဇီးရဟ်သတင်းဌာ လုပ်ဆောင်မှုကို ရပ်တန့်ရန်နှင့် ၎င်း၏ရုံးများကို ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့ပါ တယ်။

 

ရည်ညွှန်းများ

  1. Devastation at al-Ahli Arab Hospital Accessed: 2023/10/20.
  2. Outrage and condemnation after deadly Gaza hospital strike Accessed: 2023/10/20.
  3. WHO statement on the attack on Al Ahli Arab Hospital and reported large-scale casualties Accessed: 2023/10/20.
  4. Over 500 Martyrs, 600 Wounded In Israeli Army Attack On Al-Ahli Arab Hospital Accessed: 2023/10/20.
  5. UN chief 'horrified' by Gaza hospital blast that killed hundreds Accessed: 2023/10/20.
  6. Secretary-General's remarks at press encounter after meeting with Egyptian Foreign Affairs Sameh Hassan Shoukry Selim Accessed: 2023/10/20.
  7. Iran urges Muslim countries to sanction Israel after Gaza hospital strike Accessed: 2023/10/20.
  8. Where in Gaza is al-Ahli Arab Hospital, the site hit amid war with Israel? Accessed: 2023/10/20.
  9. Al-Jazeera Probe Dismisses Israeli Version of Gaza Hospital Bombing 2023/10/21.
  10. Hundreds said killed in Gaza hospital blast, protests erupt Accessed: 2023/10/20.
  11. Over 500 Martyrs, 600 Wounded In Israeli Army Attack On Al-Ahli Arab Hospital Accessed: 2023/10/20.
  12. Israeli Minister's inhumane comment after 'Hospital Massacre': Only one thing should enter Gaza, tons of explosives Accessed: 2023/10/20.
  13. Here’s How World Leaders Are Responding to the Hospital Blast in Gaza Accessed: 2023/10/20.
  14. Humanitarian aid cannot be weaponized. Gazans are depending on it Accessed: 2023/10/20.
  15. Protests rage on across world after Israel hospital attack Accessed: 2023/10/20.
  16. US should support ICC probe if it's sure Israel did not bomb Gaza hospital: Expert Accessed: 2023/10/22.
  17. Hundreds arrested as US Jews protest against Israel’s Gaza assault Accessed: 2023/10/24.
  18. wikishia.net

****************************************************************

END / 251