၁၉ မေ ၂၀၂၄ - ၂၂:၅၈
   အီရန်သမ္မတနှင့် နိုင်ငံခြားရေး ဝန်ကြီး၏ ရဟတ်ယာဉ် ဆင်းသက်မှု ခက်ခဲသော သတင်းများကို မိမိတို့ လိုက်ကြည့်နေကြောင်း အမေရိကန် ပြောကြား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ တင်ဆောင်လာသော ရဟတ်ယာဉ် ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရသည့် သတင်းများကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိ သူက အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) တို့ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် တိမ်းမှောက်မှုနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက «  ကျွန်တော်တို့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်နေကြောင်း  အီရန်သမ္မတ နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ တင်ဆောင်လာတဲ့ ရဟတ်ယာဉ် ဆင်းသက်မှု ခက်ခဲတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်၊ လောလောဆယ်မှာ နောက်ထပ် မှတ်ချက်ပေးစရာ မရှိသေးကြောင်း » ပြောကြားခဲ့ပါတယ်။

အီရန် သမ္မတနှင့် နိုင်ငံခြားရေး ဝန်ကြီးတို့ စီးနင်းလာသည့် ရဟတ်ယာဉ် တိမ်းမှောက်မှု သတင်းသည် အမေရိကန် မီဒီယာများတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး ယခုအချိန်အထိ တာဝန်ရှိသူများ နှင့် မီဒီယာ အသီးသီး မှ  အီရန် နိုင်ငံ ဤ ကိစ္စကို တင်ပြနေကြောင်း သိရှိရပါတယ်။

အီရန် သမ္မတကို စီးနင်းလာ တဲ့ ရဟတ်ယာဉ်ဟာ အရှေ့အာဇာဘိုင်ဂျန်ပြည်နယ်ရှိ Brazin နဲ့ Ardeshiri ရွာကြား အလယ်ပိုင်း "Dizmar Forest" မှာ ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရကြောင်း ယနေ့ညနေပိုင်းက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

......................................................

END / 251