၇ နိုဝင်ဘာ ၂၀၂၅ - ၀၉:၄၃
မရ်ဟွန်မ် H.I  ဆယက်ဒ် အသွဟရ်အဘာစ် ရဇဝီ ကာလကတ္တား ၏ မှတ်သားဖွယ် ဆုံးမစကား တစ်ခု

အိန္ဒိယ နိုင်ငံ ၏ အကျော်အမော် တရားဟောဆရာများ မှတစ်ပါးလည်း ခိုမေနီယေ ဘန်ဂါဟု အမည် ကျော်ကြား သည့် မရ်ဟွန်မ် H.I ဆယက်ဒ် အသွဟရ်အဘာစ် ရဇဝီ ကာလကတ္တား ၏ မှတ်သားဖွယ် ဆုံးမစကား တစ်ခုကို ၎င်း ၏ တရားတစ်ခု မှ ကောက်နှုတ် တင်ပြမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယ နိုင်ငံ ၏ အကျော်အမော် တရားဟောဆရာများ မှတစ်ပါးလည်း ခိုမေနီယေ ဘန်ဂါဟု အမည် ကျော်ကြား သည့် ကာလကတ္တား မြို့ ဗစရဝီ မတ်စ်ဂျစ်ဒ် ရှေ့ဆောင်ဆရာ မရ်ဟွန်မ် H.I  ဆယက်ဒ် အသွဟရ်အဘာစ် ရဇဝီ ကာလကတ္တား ၏ မှတ်သားဖွယ် ဆုံးမစကား တစ်ခုကို ၎င်း ၏ တရားတစ်ခု မှ ကောက်နှုတ် တင်ပြမည် ဖြစ်ပါ တယ်။

မရ်ဟွန်မ် H.I  ဆယက်ဒ် အသွဟရ်အဘာစ် ရဇဝီ ကာလကတ္တား ဟောကြားသည်မှာ - အေမာမ် ဟိုစိုင်းန် (အ.စ) လက်ထက် က အေမာမ် ကို ရှဟီးဒ် လုပ်ရန် ကအ်ဗဟ်ဝတ်ကျောင်းတော် အတွင်း အဲဟ်ရာမ် ဝတ်ပြုအယောက် ၄၀ ယဇီးဒ် (လ.န) ဘက်တော်သားများက  စောင့်နေခဲ့ကြတယ်။ အဲဒါကြောင့် အေမာမ် ဟိုစိုင်းန် (အ.စ) အနေဖြင့် အလ္လာဟ့်၏အိမ်တော် ကအ်ဗဟ် ဝတ်ကျောင်း တွင် သွေးမကျရန် အတွက် ကရ်ဗလာ ကို ကြွမြန်းသွားခဲ့ပါတယ်။

ဒါကြောင့် ထိုခေတ်က အေမာမ် ဟိုစိုင်းန် (အ.စ) ကို ရှဟီးဒ် လုပ်ဖို့  အလွန်မွန်မြတ်သည့် အဝတ်ဖြစ်သည့် အဲဟ်ရာမ် ကို အသုံးပြုခဲ့ကြပြီးယနေ့ ခေတ် မှာ အေမာမ် ဟိုစိုင်းန် (အ.စ) ရည်ရွယ်ချက်ကို ဖျက်စီး ဖို့ အမာမဟ် (ခေါင်း ပေါင်း)  များ ဝတ်ပြီး ရှလ်ဝါနီတိုဘီများ ဝတ်ပြီး ဖျက်စီးနေကြပါတယ်။

ဤအတွက်ကြောင့် မရ်ဟွန်မ် H.I  ဆယက်ဒ် အသွဟရ်အဘာစ် ရဇဝီ ကာလကတ္တား ၏ ဟောကြားချက်အရာ ဝါဝါ မြင်တိုင်း ရွှေမထင်ကြဖို့ အာလင်မ်မေရဗ်ဘာနီ များကိုသာ ‌ရွေးချယ်တတ်ဖို့ သာမန်လူမျိုး အတွက် နှင့် အာလင်မ်အသိုင်းအဝိုင်း အတွက်ပါ အထူးအရေးကြီးကြောင်း သိနိုင်ပါတယ်။

အနှစ်ချုပ် အနေဖြင့် မရ်ဟွန်မ် H.I  ဆယက်ဒ် အသွဟရ်အဘာစ် ရဇဝီ ကာလကတ္တား ၏  ဟောကြားချက်သည် မအ်ရေဖ် အပြည့် ပါသည့် ဟောကြားချက်ဖြစ်ပါတယ်။ တရားနာသူတိုင်း မအ်‌ရေဖ်အပြည့် နှင့် အဟော နှင့် အလုပ် ညီသည့် အာလင်မ်မေရဗ်ဗာနီများ ၏တရားများသာ နားထောင် ခွင့် ရကြပါစေဟု ဒိုအာပြုလိုက်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha