Sahar News သတင်း အထောက်အထားများ အရ အီရန်နိုင်ငံ ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကဲရ်ရီကနီ မှ တနင်္လာနေ့တွင် လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီရန်နှင့် ဆော်ဒီအာရေးဗီးယားကြား ဆက်ဆံရေးကို ပြောကြားခဲ့ပြီး အီရန်နှင့် ဆော်ဒီအာရေးဗီးယားကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်ဖက်စလုံးသည် လေးနက်သော ခြေလှမ်းများ လှမ်းခဲ့ကြောင်း အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် ဤအရေးကြီးသောကာလတွင် တည်ငြိမ်ပြီး ဒေသတွင်း အလွန်အရေးကြီးသော အခြေအနေတွင် တည်ငြိမ်သောဒေသတစ်ခု ဖန်တီးရန် အလေးအနက် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ ပါတယ်။
အိုမန် နိုင်ငံ တွင် အီရန်နှင့် အမေရိကန်တို့ကြား သွယ်ဝိုက်နည်းဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲများကို ရည်ညွှန်းပြီး အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီးက အီရန်သည် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် အမြဲတမ်းရှိနေပြီး အီရန်၏ အကျိုးစီးပွားကို အစွမ်းကုန် ကာကွယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက် Biden ၏ အဆိုပြုချက်နှင့် ပတ်သက်၍ အလီဘာကဲရ်ရီကနီ မှ အမှန်တကယ် ၈ လကြာပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ကို အမေရိကန် တင်ပြခြင်း ပြီးနောက် မိမိကိုယ်တိုင် အစ္စရေးအစိုးရအား ထောက်ခံခဲ့ခြင်း တို့ကို ရှုမြင်သုံးသပ်၍ အမေရိကန် သည် အလွဲ သုံးစား လုပ်သူ (သစ္စာရှင်မဟုတ်သူ) နှင့် မမှန်ကန်သူ ဖြစ်ကြောင်း ပေါ်လွင် နေသည် ဟု ပြောကြားခဲ့ပါတယ်။
လက်ဘနွန်ခရီးစဉ်အတွင်း အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကဲရ်ရီကနီ သည် ဟစ်ဇ်ဘွလ္လာဟ် အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နဆရိုလ္လာဟ် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပြီး ဒေသတွင်း လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း မှတ်သားရပါတယ်။
.......................................................
END / 251