အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အစ္စရေး၏ ဟီဘရူးဘာသာဖြင့် ထုတ်ဝေသည့် Haaretz သတင်းစာက ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နှင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ယမင် နေတန်ယာဟုတို့သည် အီရန်အရေးကိစ္စတွင် ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များ မပေး ကြောင်းနှင့် အီရန်အပေါ် ၎င်းတို့၏ မူဝါဒ၏ မှတ်တမ်းသည် ကာကွယ်ရှင်းလင်းရန် မလွယ်ကူကြောင်း ရေးသား ထားပါတယ်။
အစီရင်ခံစာတွင် အီရန်သည် နျူကလီးယား သဘောတူညီချက်ကို မချိုးဖောက်ခဲ့ဘဲ ထိုသဘောတူညီချက်၏ စည်းကမ်းချက်များကို လေးစားလိုက်နာခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထိုသဘောတူညီချက်ကို ဖျက်သိမ်း စေရာ တွင် အဓိက အခန်းကဏ္ဍမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ယမင် နေတန်ယာဟုဖြစ်ပြီး သူက ဒေါ်နယ် ထရမ့်အား ထိုသဘောတူညီချက်မှ နုတ်ထွက်ရန် သွေးဆောင်နိုင်ခဲ့ကြောင်း ဆိုထားပါတယ်။
Haaretz သတင်းစာက ထပ်မံရေးသားရာတွင် သမ္မတ ထရမ့်သည် ဤအခြေအနေ၏ စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို အရေးမကြီးသကဲ့သို့ ပြောဆိုခဲ့သော်လည်း အမေရိကန်ရှိ မဲဆန္ဒရှင်များက ဤကိစ္စကို မတူညီသော အမြင်ဖြင့် ကြည့်ရှုကြပြီး ၎င်း၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဖော်ပြထားပါတယ်။
Haaretz သတင်းစာက လည်း အမေရိကန် နှင့် အစ္စရေး အလွန်အထိနာနေပြီး နေ့စဥ် အီရန် ၏ အဖြေပေး တိုက်ခိုက်မှုကို ခံနေရသဖြင့် အခုလို အဖြစ်မှန်တစ်ခု ကို လူသိရှင်ကြား ထုတ်ဖော်လာခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment