၁၂ မတ် ၂၀၂၆ - ၁၅:၁၂
အမေရိကန်ပြည်သူ အများစုသည် အီရန်ကို တိုက်ခိုက်ခြင်းကို ဆန့်ကျင်

အမေရိကန်နိုင်ငံရှိ ယုံကြည်ရသော အဖွဲ့အစည်းများက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ အမေရိကန်ပြည်သူ အများစု သည် အီရန်ကို တိုက်ခိုက်သည့် မူဝါဒကို ဆန့်ကျင်နေကြကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna သတင်းဌာန ၏ အစီရင်ခံစာအရ အနာဒိုလူ သတင်းဌာန၏ အဆိုအရ အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုမှ အမေရိကန်ပြည်သူ အများစုသည် အီရန်ကို တိုက်ခိုက်ခြင်းကို မထောက်ခံကြကြောင်းနှင့် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်၏ တီဟီရန် နှင့် ပတ်သက်သော မူဝါဒကိုလည်း မထောက်ခံကြောင်း ထင်ရှားစေခဲ့သည်ဟု သိရပါတယ်။

PBS News၊ NPR နှင့် Marist ကောလိပ်တို့က ပြုလုပ်ခဲ့သည့် စစ်တမ်းရလဒ်များကို သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပြီး အမေရိကန်လူဦးရေ၏ ၅၆ ရာခိုင်နှုန်းသည် အီရန်ကို တိုက်ခိုက်ခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြထားပါတယ်။

ထို့အပြင် စစ်တမ်းရလဒ်များအရ အမေရိကန်လူဦးရေ၏ ၅၄ ရာခိုင်နှုန်းသည် အမေရိကန်နှင့် အစ္စရေးတစ်ဖက်၊ အီရန်တစ်ဖက်အကြား ဖြစ်ပေါ်နေသော တင်းမာမှုများကို ကိုင်တွယ်ရာတွင် သမ္မတ ထရမ့်၏ နည်းလမ်းကို မကျေနပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စတင်၍ အစ္စရေးအစိုးရနှင့် အမေရိကန်တို့သည် အီရန်ကို ဆန့်ကျင် သော စစ်ပွဲကို စတင်ခဲ့ကြပြီး ထိုကြောင့် အီရန်နိုင်ငံသား ရာနှင့်ချီ၍ သေဆုံးခဲ့ကြပါတယ်။ ထိုသူများထဲတွင် အစ္စလာမ်တော်လှန်ရေး၏ အမြင့်ဆုံးခေါင်းဆောင် အေမာမ် ခါမေနာအီ (ရ.ဟ) နှင့် အဆင့်မြင့် လုံခြုံရေး အရာရှိ များ လည်း ပါဝင်ကြပါတယ်။

ထိုအခြေအနေများအပေါ် တုံ့ပြန်မှုအဖြစ် တီဟီရန် က တဲလ်အဗီဗ်ကို ဒုံးကျည် များ နှင့် ဒရုန်းများဖြင့် တိုက်ခိုက် ခဲ့ပါတယ်။

ထို့အပြင် အီရန်သည် ပင်လယ်ကွေ့နိုင်ငံများ၊ အီရတ်နှင့် ဂျော်ဒန်တို့တွင် ရှိသော အမေရိကန်စစ်စခန်း များကို ပစ်မှတ်ထားပြီး  ဒုံးကျည်များ၊ ဒရုန်းများ နှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha