၂၄ ဇွန် ၂၀၂၄ - ၁၈:၃၁
အီရန် နိုင်ငံ မြို့တော် တီဟီရန် တွင် အီးဒ်‌ဒေ ဂဒီးရ် အတွက် ခြိမ့်ခြိမ့်သဲသဲ ပြင်ဆင်မှုများ ပြုလုပ် ၊ ဧည့်ခံ ရန် စတုဒိသာ တဲပေါင်း ၂၂၀၀ ကျော် အသင့် ဖြစ်မည်

အီရန် နိုင်ငံ ၏ စီမံခန့်ခွဲမှုအဖွဲ့ အစည်း၏ ဒါရိုက်တာ မှ ပြောကြားသည်မှာ - မြို့တော် တီဟီရန် တွင် ၁၀ ကီလိုမီတာရှည်လျားသော ကျော် ဂျန်ရှ်နေ ဂဒီးရ် ၏ လမ်းကြောင်း တွင် အမီးရ်ရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ကို အချစ်ထားသူများ ကို ဧည့်ခံ ရန် အတွက် စတုဒိသာ တဲပေါင်း ၂၂၀၀ ကျော် အသင့် ဖြစ်နေကြောင်း ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News သတင်းထောက်နှင့် စကားပြောရာတွင် အီရန် နိုင်ငံ ၏ စီမံခန့်ခွဲမှုအဖွဲ့အစည်း ၏ ဒုတိယဥက္ကဋ္ဌ ဆဒ်ရ် ဆမီးမ် မူရာဒီ  မှ  မြို့တော် တီဟီရန် တွင် ၁၀ ကီလိုမီတာရှည်လျားသော ကျော် ဂျန်ရှ်နေ ဂဒီးရ် ၏ လမ်းကြောင်း တွင် အမီးရ်ရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ကို အချစ်ထားသူ မြို့သူ၊မြို့သားများ ကို ကို ဧည့်ခံ ရန် အတွက် စတုဒိသာ တဲပေါင်း ၂၂၀၀ ကျော် အသင့် ဖြစ်နေကြောင်း ဤလုပ်ငန်းစဉ်များကို စောင့်ကြည့် ရန် မိမိ တို့ အဖွဲ့ ၏ ဦးစားပေး လုပ်ငန်း များ မှ တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဤ စတုဒိသာ တဲများ တွင် မနှစ်မြို့ဖွယ် အခြေအနေကို  မဖြစ်ပေါ် ရန် ဖြစ်ပေါ်လာလျင် ကိုင်တွယ် ဖြေရှင်းရန် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။

ယခုနှစ်အတွင်း ပျောက်ဆုံးနေသူများနှင့် လမ်းပျောက်နေသူများအတွက် လမ်းတလျှောက် နေရာအသီးသီးတွင် တဲများ ဖွင့်လှစ်ထားရှိကာ ပျောက်ဆုံးနေသူများကိုလည်း အချိန်တိုအတွင်း ရှာဖွေနိုင်မည်ဖြစ်ကြောင်း ဆဒ်ရ် ဆမီးမ် မူရာဒီ  မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နိုင်ငံသားများ သွားလာမှု အဆင်ပြေချောမွေ့စေရန် မြေအောက်ရထားနှင့် ဘတ်စ်ကား ဝန်ဆောင်မှုများအတွက် စီစဉ်မှုများ ပြုလုပ်ထားကြောင်း ယင်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ယာဉ်ထိန်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည်လည်း အပြည့်အဝသတိပေးထားပြီး အခြားကယ်ဆယ်ရေး တပ်ဖွဲ့များမှ အကူအညီများ ပေးအပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် တီဟီရန် မြူနီစီပယ်၏ ပံ့ပိုးမှုဖြင့် ယခုနှစ်တွင် လူများကို လမ်းပြရန် လမ်းများဆီသို့ စာတန်းများ တပ်ဆင်ထားကြောင်း ထို့အပြင် ယာဉ်မတော်တဆမှုဖြစ်နိုင်ချေရှိသော ပြည်သူများကို ကူညီရန် ကယ်ဆယ် ရေးတပ်ဖွဲ့များ နှင့် အတူ အသံစနစ်များလည်း ရှိကြောင်း အီရန် ၏ စီမံခန့်ခွဲမှုအဖွဲ့အစည်း ၏ ဒုတိယဥက္ကဋ္ဌ ဆဒ်ရ် ဆမီးမ် မူရာဒီ  မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251