၇ မေ ၂၀၂၅ - ၁၃:၂၃
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အိန္ဒိယ နှင့် ပါကစ္စတန်ကြား စစ်ပွဲ ကို စိုးရိမ် စရာ ဖြစ်ကြောင်း ပြောကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်ဘက် လုံးဆိုင်ရာ အကြီးအကဲများ ကို စိတ်ရှည် သည်းခံရန် နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar သတင်းဌာန၏ အစီရင်ခံစာ အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် မှ ပါဟယ်လ်ဂမ် ၊ ဂျမူးနှင့် ကက်ရှ်မီးယားတို့တွင် အကြမ်း ဖက်တိုက်ခိုက်မှုကို ကု ရှုတ်ချခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စတန် တို့သည် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ကို ရှောင်ရှားသင့်ပြီး ကျူးလွန်သူများကို တရားမျှတမှုရှိစေရန် လုပ်ဆောင် သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှုများသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပွားနေသော စစ်ပွဲအတွက် စိုးရိမ် ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအား စိတ်ရှည်သည်းခံရန် မေတ္တာရပ်ခံခဲ့ပြီး ကမ္ဘာကြီးသည် နောက်ထပ် စစ်ပွဲများကို ခံနိုင်ရည် ရှိမည် မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha