၃ ဇန်နဝါရီ ၂၀၂၆ - ၀၀:၁၁
ထရမ့်အပေါ် အလီလာရီဂျာနီ ၏ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ခြင်း

အလီလာရီဂျာနီက အမေရိကန်ပြည်သူများအား မိမိ တို့၏ စစ်သားများအတွက် စိုးရိမ်ပူပန်ရန် ပြောကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက ဆန္ဒပြနေသော စီးပွားရေးသမားများ၏ ရပ်တည်ချက်ကို ဖျက်ဆီးသူများနှင့် သီးခြားစီဟု ကျွန်ုပ်တို့ ယူဆကြောင်း ထောက်ပြခဲ့ပြီး ကျွန်ုပ်တို့၏ ပြည်တွင်းရေးကိစ္စတွင် အမေရိကန် ဝင်ရောက်စွက်ဖက်ခြင်းသည် ဒေသတစ်ခုလုံးနှင့် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများကို ထိခိုက်စေကြောင်း အမေရိကန်သမ္မတ ထရမ့် သိသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်ဆန္ဒပြပွဲများအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဝင်ရောက်စွက်ဖက်လိုသော ရပ်တည်ချက်ကို တုံ့ပြန်သည့် အလီလာရီဂျာနီက ဖြစ်ရပ်နောက်ကွယ်ရှိ အစ္စရေးနှင့် ထရမ့်အရာရှိများ၏ ရပ်တည်ချက်မှာ ရှင်းလင်းလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်က ဆန္ဒပြသူများကို ပစ်ခတ်ပြီး ပုန်ကန်သူများကို ညှဉ်းပန်းနှိပ်စက်ပါက အမေရိကန်ပြည်ထောင်စုက ၎င်းတို့ကို ကူညီမည်ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့ပါတယ်။

အလီလာရီဂျာနီ အနေဖြင့် ထရမ့် ၏ ရေးသားချက်အား ပြတ်ပြတ်သားသား ပြန်လည် တုံ့ပြန်သည်အနေဖြင့်  အမေရိကန်ပြည်သူများအား မိမိ တို့၏ စစ်သားများအတွက် စိုးရိမ်ပူပန်ရန် ဖြေကြားခဲ့ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန် ပြည်သူများ အနေဖြင့် မိမိ ၏ သမ္မ ထရမ့်အား သူတစ်ပါး နိုင်ငံ ၏ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက် လျင် အာရှ အရှေ့အလယ်ပိုင်း ရှိ အမေရိကန် အခြေစိုက် စစ်စခန်းများ ကိုပစ်မှတ် ထားတိုက်ခိုက်မည် ဖြစ်၍ မိမိတို့၏ သားများ ယောက်ကျားများ စသည် အမေရိကန် စစ်သည်များ အချောင်နေ မသေရအောင် အမေရိကန် ပြည်သူများအား သတိပေး ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha