၇ မေ ၂၀၂၅ - ၁၂:၀၈
လွန်ခဲ့ သည့် ၂၄ နာရီ အတွင်း ဂါဇာတွင် လူ ၄၈ ဦး ရှဟီးဒ် ဖြစ်

ဂါဇာကမ်းမြှောင်၏ ကျန်းမာရေးဝန်ကြီးဌာနသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကမ်းရိုးတန်း ၌ ၄၈ ဦး ရှဟီးဒ် ဖြစ်ခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဇာနည် ၄၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄၂ ဦးအား ဂါဇာရှိဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ ပါတယ်။

Quds News Network ၏ အဆိုအရ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးအစိုးရ၏ တိုက်ခိုက်မှုများ ပြန်လည် စတင်ခဲ့ သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ စတင်၍ အာဇာနည် ၂၅၀၇ ဦးနှင့် ဒဏ်ရာရရှိသူ ၆၇၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂါဇာတွင် အာဇာနည် စုစုပေါင်း ၅၂၆၁၅ ဦး ရောက်ရှိလာပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ အစ္စရေး၏ တိုက်ခိုက်မှုများတွင် ဒဏ်ရာရသူ စုစုပေါင်း ၁၁၈၇၅၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အာဇာနည် အများအပြား၏ ရုပ်အလောင်းများသည် လမ်းမများနှင့် အပျက်အစီးများအောက်တွင် လဲလျောင်းနေရဆဲဖြစ်ပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ၎င်းတို့ထံသို့ မရောက်ရှိသေးကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၁၄၀၀၀ ကျော် ပျောက်ဆုံးနေပြီး အပျက်အစီးများအောက်တွင် နစ်မြုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha