အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
leader.ir ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ နမာဇ် ရှေ့ဆောင်ဆရာ ၏ ကေရာအသ် မှား နေလျင် မည်သို့ အမိန့် ရှိပါသနည်း ? နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
အကယ်၍ နမာဇ် ရှေ့ဆောင်ဆရာ အနေဖြင့် နမာဇ်တွင် ဖတ်ရသည့် (ကေရာအသ် ပြုရသည့် ) ဇေက်ရ် များ ၏ အချို့ အသံ ထွက်၊ ထွက်တာ မှားနေလျင် သူနောက်မှာ လိုက်၍ နမာဇ်ဇေ ဂျမာအသ် ဖတ်ခြင်း သည် ပိုင်ပါ သလား?
အဖြေ
နမာဇ် ရှေ့ဆောင်ဆရာ ၏ ကေရာအသ် (ဖတ်ရွတ်ခြင်း) သည် စူရဟ် ဟမ်ဒ် နှင့် (အခြားစူရဟ်) မှ အပ မှား နေလျင် အကြောင်း မဟုတ်ပါ။ (ပိုင်ပါသည်။)
ရှင်းလင်းချက် အကျဉ်း ။ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ၏ အဖြေအရ နမာဇ် ရှေ့ဆောင်ဆရာ ၏ ကေရာအသ် သည် နမာဇ် တိုင်း ပထမ ရကတ် နှင့် ဒုတိယ ရကတ် တွင် ဖတ်ရွတ် ရသည့် စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ် တစ်ခုခု တွင် မမှား ဖို့ အရေးကြီးပါတယ်။ ပြီးနောက် နမာဇ် ရှေ့ဆောင် ဆရာ ဖြစ်စေ သာမန် ပုဂ္ဂိုလ်များ ဖြစ်စေ မိမိတို့ နမာဇ် တွင် ဖတ်ရွတ်သည့် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ်တစ်ခုခု ကို မှန်ကန်စွာ ဖတ်နိုင်ဖို့ သေချာ တတ်ကျွမ်းသူများ ထံ သင်ယူ ဖို့ အစိစစ်ခံနိုင် ဖို့ အရေးကြီး ပါတယ်။ ငါအာရဗ် မဟုတ်ဘူး စူရဟ်များ ၏ အသံ ထွက်ကို ထွက် တတ်သိလို ထွက်မည်ဆိုပြီး အရွဲ့မတိုက် မိရန် ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် အီရန် နိုင်ငံ ရှိ မရ်ဂျာ ရုံးများ နှင့် အချို့ အာလင်မ်များသည် မရ်ဟွန်မ်များ အတွက် နမာဇ်ဇေ ကဇွာယေအိုမရီ (ဝန်ဆောင်ခပေး၍ ) နမာဇ် ဖတ်ပေးရန် တာဝန်ပေးချိန် ဖတ်ပေးမည့် (တရားဝင် ထောက်ခံချက် ရထားသည့်) မောင်လာနာ ၏ ကေရာအသ် အား စာမေးပွဲ စစ်၍ ပေး ကြပါ ကြောင်း တင်ပြအပ်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
..................................................................................
END / 251
Your Comment