၅ ဇူလိုင် ၂၀၂၄ - ၁၀:၄၆
   အီရန်အစိုး မှ ဘက်မလိုက်သည့် အီရန်သမ္မတ သစ် ရွေးကောက်ပွဲ ကို သေချာ ကျင်းပ / မိုဟမ္မဒ် မွတ်ခ်ဘေရ်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ယာယီသမ္မတ မှ မိမိတို့ အစိုးရဟာ ဘက်မလိုက်တဲ့ အီရန် သမ္မတသစ် ရွေးကောက်ပွဲကျင်းပဖို့ အာမခံချက်ပေးကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ သတင်းထောက်၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ယာယီသမ္မတ မိုဟမ္မဒ် မွတ်ခ်ဘေရ် မှ  သမ္မတ သစ် ရွေးကောက်ပွဲတွင် မဲပေးပြီးသည့်နောက် မီဒီယာများအား ပြောကြားရာတွင်ရှဟီးဒ် သမ္မတ ရအီစီ  ဆုံးရှုံးရခြင်းမှာ ပြင်းထန်စွာ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သမ္မတရွေးကောက်ပွဲကျင်းပခြင်းသည် ခက်ခဲပြီး ပင်ပန်းသည့်အလုပ်ဖြစ်ပြီး တစ်နှစ် ကြိုတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း လူဦးရေ ရှစ်ဆယ့်ငါးသန်းရှိတဲ့ တိုင်းပြည်မှာ ပြည်သူတွေ မဲပေးဖို့ အချိန်တို အတွင်း ပြင်ဆင်ဖို့က အလွန်ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နေ့ရောညပါ လုပ်ဆောင်ပေးခဲ့ကြသော လုံခြုံရေးအဖွဲ့ အစည်း များနှင့် အေဂျင်စီများကို ကျေးဇူးတင်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ကြိုးစား အားထုတ်မှု ကြောင့် ပထမအဆင့်နှင့် နှိုင်းယှဉ်ပါက အများသူငှာ ဧည့်ခံမှု တိုးလာ ကြောင်း ယာယီသမ္မတ မိုဟမ္မဒ် မွတ်ခ်ဘေရ် မှ  ဆက်ပြီး ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ မိုဟမ္မဒ် မွတ်ခ်ဘေရ် မှ ထပ်၍ အစိုးရ၏ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အစ္စလမ် တော်လှန်ရေး၏ အခြေခံအုတ်မြစ်တွင် ပါဝင် ကြောင်း ဤအဆင့်တွင် ပြည်သူ လူထု အနေဖြင့် မိမိတို့ ၏ တာဝန်များ ကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် ပြည်သူ လူထု အား လေးစားသည့် အနေဖြင့် မိမိတို့ အစိုးရဟာ ဘက်မလိုက်တဲ့ အီရန် သမ္မတသစ် ရွေးကောက်ပွဲကျင်းပဖို့ အာမခံချက်ပေးကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251