အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
تَزْهَرُ أَرْضُ كَرْبَلا يَوْمَ الْقيامَةِ كَالْكَوْكَبِ الدُّرّىّ وَتُنادِى أَنَا أَرْضُ الْمُقَدَّسَةُ الطَّيّبَةُ الْمُبارَكَةُ الَّتى تَضَمَّنَتْ سَيِّدَالشَّهَداءِ وَ سَيِّدَ شَبابِ أَهْلِ الجَنَّةِ.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကရ်ဗလာမြေသည် ကေယမသ် (ကမ္ဘာ့တရားစီရင်မည့်နေ့) တွင် ကြယ်ဖြူတစ်လုံးကဲ့သို့ ထွန်းလင်း လာမည် ဖြစ်ပါသည်။ ပြီးနောက် ငါသည် အလ္လာဟ်ဟို အရှင်မြတ်၏ သန့်ရှင်းမြင့်မြတ်သည့် မင်္ဂလာရှိသည့် မြေ ဖြစ်ကြောင်း ကြွေးကြော်မည် ဖြစ်ပါသည်။ ဤမြေသည် ဆယက်ဒိုရှ်ရှိုဟဒါအ် (အ.စ) ၊ ဂျန္နသ် လုလင်ပျိုများ ခေါင်းဆောင် အားမိမိ ရင်ခွင် တွင် နေရာပေးထားသည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ကာမေလ်လွတ်ဇ်ဇေယာရာသ် ကျမ်း ၊ စာမျက်နှာ ၂၆၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ကရ်ဗလာမြေသည် မည်မျှ ကြီးကျယ် မြင့်မြတ်ကြောင်း သိရှိရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် ဤသန့်ရှင်း မြင့်မြတ် မင်္ဂလာရှိသည့် မြေ ရှိ သန့်ရှင်း မြင့်မြတ်သူများ ၏ ရောင်ဇာတော် များကို အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသူတိုင်း သွားရောက် ဇေယာရသ် ပြုနိုင်ရန် ဆုတောင်း အပ်ပါတယ်။
****************************************************************
END / 251