အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ ဒေသတွင်း ဆီးရီးယားသတင်းရင်းမြစ်များက သရ်သူစ် ၏ဆင်ခြေဖုံးတွင်ရှိသောဗါဗရ် ဂျာနဟ် Babarjana နှင့် ဆူခ်ဗဟ် ရွာများသို့ ဂျောင်လာနီ သက္က်ဖီးရီ တပ်ဖွဲ့များ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
အသတ်ခံရမှာကို စိုးရိမ်တဲ့အတွက် ရုရှားနိုင်ငံရဲ့ ဟမီးမီ အခြေစိုက်စခန်းမှာ ခိုလှုံနေကြတဲ့ နိုင်ငံသားတွေဟာ အဲဒီနေရာကနေ ထွက်ခွာဖို့ ဆန္ဒမရှိသလို အကြမ်းဖက်အဖွဲ့တွေကို ကြောက်ရွံ့တဲ့အတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ တောင်းခံထားတယ်လို့လည်း အဲဒီသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဂျောင်လာနီ သက္က်ဖီးရီ အစိုးရ ၏ အကြမ်းဖက်သမားများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများနှင့် မုဒိမ်းကျင့်ခံရမည်ကို စိုးရိမ်သောကြောင့် ဆီးရီးယားနိုင်ငံသား အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့၏ နေအိမ်များသို့ မပြန်ရဲကြကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။
ဂျောင်လာနီ သက္က်ဖီးရီ အစိုးရ ၏ အကြမ်းဖက် သမား များသည် ဆီးရီးယားရှိ အလဝီ များကို အညှာအတာမဲ့ လူမျိုးတုန်း သတ်ဖြတ်ခြင်းများကိုပြုနေပါတယ်။ ကမ္ဘာကတော့ ထုံးစံ အတိုင်း ငြိမ်သက်စွာ ကြည့်ရှု နေကြပါ တယ်။
.......................................................
END / 251
Your Comment