အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာ အရ ဆော်ဒီရုပ်သံလိုင်းသည် ကအ်ဗဟ် ဝတ်ကျောင်းတော်၏ ရှေ့ဆောင် ဆရာတော် ရှိက်ခ် ဆွာလေဟ် ဘင်န် ဟမီးဒ် ၏ သောကြာ နမာဇ် တရားဒေသနာ တွင် ဂါဇာကလေးငယ်များ၏ ရဲစွမ်းသတ္တိကို ဥပမာအဖြစ် ကိုးကားရန် တောင်းဆိုမှုကို ဆင်ဆာဖြတ်တောက်ခဲ့သည့် အတွက်ကြောင့် လူထု၏ ပြင်းထန်သော တုံ့ပြန်မှုကိုခံနေကြောင်း ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များအရ ဆော်ဒီအာရေဗျနိုင်ငံရှိ အလ်အခ်ဗရီယဟ် (Al-Ikhbariya) ရုပ်သံလိုင်းသည် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် (ကပအ်ဗဟ် တဝတ်ကျောင်းတော် ) ၏ ရှေ့ဆောင် နှင့် တရားဟောဆရာ ရှိက်ခ် ဆွာလေဟ် ဘင်န် ဟမီးဒ် ၏ သောကြာ နမာဇ် တရားဒေသနာ ၏ တစ်စိတ်တစ်ပိုင်းကို မထုတ်လွှင့်ရန် ဆုံးဖြတ် ခဲ့ပြီး အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဤကြေညာချက်တွင် တရားဟောဆရာ က ပါလက် စတိုင်း ကလေးငယ်များ သည် ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှု၏ စံပြပုဂ္ဂိုလ်များဖြစ်ပြီး ၎င်းတို့ ကို မိမိတို့ ကလေးများအတွက် သူရဲကောင်းများအဖြစ် ပြသသင့်ကြောင်းဟောကြား ခဲ့ခြင်း ဖြစ်ပါတယ်။
မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် (ကပအ်ဗဟ် တဝတ်ကျောင်းတော် ) ၏ ရှေ့ဆောင် နှင့် တရားဟောဆရာ ရှိက်ခ် ဆွာလေဟ် ဘင်န် ဟမီးဒ် က ပါလက်စတိုင်း နှင့် ဂျေရုဆလင်မြို့သည် မွတ်စလင်များနှင့် အာရပ်များ၏ နှလုံးသားထဲတွင် အမြဲရှိနေမည်ဟု ထပ်လောင်း ဟောကြားခဲ့ပါတယ်။
လူမှုမီဒီယာအသုံးပြုသူများက ဆင်ဆာဖြတ်တောက်မှု လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ရုပ်သံလိုင်း၏ ကို ဝေဖန်ခဲ့ကြပါတယ်။
ဤဖြစ်ရပ်အပြီးတွင် ဆော်ဒီမီဒီယာများတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ဆင်ဆာ ဖြတ်တောက်မှု ဆိုင်ရာ ခေါင်းစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး လူထု၏ ပြင်းထန်သော တုံ့ပြန်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment