အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာ အရ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများရှိ လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ဇီယွန်နစ်အစိုးရ၊ အမေရိကန်နှင့် အခြားအဓိကလက်နက်ထောက်ပံ့သူများအနေဖြင့် ငွေပေးချေရန် တောင်းဆိုခဲ့ပါတယ်။
စနေနေ့က Anadolu အေဂျင်စီ၏ အစီရင်ခံစာအရ၊ လန်ဒန်တွင် သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများရှိ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ညီလာခံတစ်ခုတွင် ဖရန်ချက်စကာ အယ်လ်ဘာနေးဇေ ( Francesca Albanese ) က ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုကို အပြည့်အဝ စုံစမ်းစစ်ဆေးသင့်ပြီး အစ္စရေးအပေါ်သာမက လူမျိုးတုံးသတ်ဖြတ်မှုတွင် ထောက်ခံသော နိုင်ငံအားလုံးအပေါ်ပါ ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က "နိုင်ငံအားလုံးသည် အစ္စရေးနှင့် ဆက်ဆံရေးကို ဖြတ်တောက်သင့်သည်" ဟု ပြောကြားခဲ့ပါတယ်။
တရားမဝင်သိမ်းပိုက်မှုကို ဆက်လက်လုပ်ဆောင်နေသော အစိုးရကို ထောက်ခံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကို ရပ်တန့်ရန် နိုင်ငံအားလုံး၏ တာဝန်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။
ထပ်လောင်း၍ ဇီယွန်ဝါဒီအစိုးရနှင့် ၎င်း၏လက်နက်ထောက်ပံ့သူများဖြစ်သည့် အမေရိကန်၊ ဂျာမနီနှင့် အီတလီ တို့သည် ဂါဇာပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်များကိုလည်း ကျခံသင့်ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။
ကုလသမဂ္ဂ အထူးသံတမန်က ဆိုက်ပရပ်စ်ရှိ အခြေစိုက်စခန်းများမှ ပေးအပ်သော ဝန်ဆောင်မှုများမှတစ်ဆင့် လူမျိုး တုံးသတ်ဖြတ်မှုတွင် ဗြိတိန်ပါဝင်ပတ်သက်မှုကို အလေးအနက် စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုခဲ့ ပါတယ်။
ဂါဇာတွင် နှစ်နှစ်ကြာ လူမျိုးတုံးသတ်ဖြတ်မှုသည် “ပြစ်ဒဏ်ကင်းလွတ်ခွင့် ၆၀ နှစ်” ၏ ရလဒ်အဖြစ် ၎င်းက ဖော်ပြခဲ့ပြီး “လန်ဒန်၊ ရောမ၊ ဘာလင် သို့မဟုတ် ပါရီတို့၏ အတွေးအခေါ်များ မပြောင်းလဲမချင်း” လူမျိုးတုံးသတ်ဖြတ်မှုသည် ရပ်တန့်မည်မဟုတ်ဟု ပြောကြားခဲ့ပါတယ်။
မိမိ အပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကို ကိုးကား၍ သူမနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တရားသူကြီးများ သို့မဟုတ် ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့များသည် “ရာဇဝတ်သားများကဲ့သို့ ဆက်ဆံခံရ” ကြောင်း သူမက ပြောကြားခဲ့ပါတယ်။
မိမိ သည် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသောကြောင့် မိမိ ၏ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြနိုင်မည် မဟုတ်ကြောင်းလည်း သူမက ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာအရ ဖရန်ချက်စကာ အယ်လ်ဘာနေးဇေ အပေါ် အမေရိကန်၏ ပိတ်ဆို့မှုများသည် လူ့အခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက သတိပေး ထားပါတယ်။
IRNA ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် ဂါဇာတွင် လွန်ခဲ့သော နှစ်နှစ်အတွင်း လေကြောင်း တိုက်ခိုက်မှုများနှင့် ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများကို ရှင်းလင်းဖယ်ရှားရာတွင် ကြီးမားသော ကုန်ကျစရိတ်များကို အစ္စရေးအစိုးရအား ကျခံရန် တောင်းဆိုခဲ့ ကြောင်း ဖြစ်ပါတယ်။
ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည့် အမေရိကန်၏ တောင်းဆိုချက်ကို တဲလ်အဗစ်က သဘော တူညီခဲ့ကြောင်း အစ္စရေးသတင်းရင်းမြစ်များက အတည်ပြုခဲ့ပါတယ်။
ဇီယွန်ဝါဒီ အစ္စရေး ဟာ ပေးထားသည့် ကတိ ၊ ချုပ်ဆိုထားသည့်ကတိ စသည် ဖြင့် ကတိများ ကို ကြိမ်ဖန်များစွာ မတည်သည့် အတွက် ဤကတိသည်လည်း ၉၉ ရာခိုင်နှုန်း အထိ တည်မည် မဟုတ်ကြောင်း မှတ်ချက်ချမိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment