ကုလသမဂ္ဂ
-
ဂူတာရက်စ် /ကမ္ဘာကြီးသည် ဘက်စုံအာဏာဗဟိုပြုစနစ်ဆီသို့ ဦးတည်နေသည်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ပထဝီနိုင်ငံရေးဆိုင်ရာ ကွဲပြားမှုများ ပိုမိုပြင်းထန်လာခြင်း၊ စစ်ပွဲများ၊ ရာသီဥတုအကျပ်အတည်း၊ မညီမျှမှုများနှင့် ဉာဏ်ရည်တု (AI) နည်းပညာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုတို့နှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ပါတယ်။ ထို့အပြင် ကမ္ဘာကြီးသည် ဘက်စုံအာဏာဗဟိုပြုစနစ် (multipolar system) ဆီသို့ ဦးတည်နေပြီး ကမ္ဘာ့အနာဂတ်သည် အာဏာကို ဥပဒေနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံ၍ အသုံးပြုမည်လား၊ သို့မဟုတ် အင်အားသုံးခြင်းနှင့် ဖိနှိပ်ခြင်းတို့အပေါ် အခြေခံ၍ အသုံးပြုမည်လားဆိုသည့်အပေါ် မူတည်နေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
-
အနောက်ဘက်ကမ်းဒေသ၏ အရေးပေါ်အခြေအနေများအပေါ် သတိပေးချက်
ကုလသမဂ္ဂက အနောက်ဘက်ကမ်းဒေသ၏ အခြေအနေများသည် အလွန်လျင်မြန်စွာ ပိုမိုဆိုးရွားလာနေကြောင်း သတိပေးခဲ့သည်။
-
ဟော်မုဇ်ရေလက်ကြား ဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် အမေရိကန် ၏ ဖိအားပေးမှုသည် ရယ်ဖွယ်ကောင်းကြောင်း အီရန်ပြောကြား
ကုလသမဂ္ဂတွင် အီရန်၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က အမေရိကန်သည် နိုင်ငံရေးဖိအားများကို အသုံးပြုပြီး အီရန်ဆန့်ကျင်ရေး ဆုံးဖြတ်ချက်ကို ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုရှိသကဲ့သို့ ပြသရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။
-
အစ္စရေးနှင့် ၎င်း၏ အဓိကထောက်ခံသူများသည် ဂါဇာပြန်လည်တည်ဆောက်ရေးကုန်ကျစရိတ်ကို ကျခံသင့် ကြောင်း ကုလသမဂ္ဂ ပြောကြား
သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်နှင့် အခြားအဓိကလက်နက်ထောက်ပံ့သူများနှင့်အတူ ဇီယွန်ဝါဒီအစိုးရသည် ပေးဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။