၂၁ အောက်တိုဘာ ၂၀၂၆ - ၁၃:၄၄
အာရှမသန်စွမ်းအားကစားပြိုင်ပွဲ ၂၀၂၆ / အီရန်က ရွှေ ၃ ခု၊ ငွေ ၃ ခုနှင့် ကြေး ၂ ခု ဆွတ်ခူး

အီရန်မသန်စွမ်းအားကစားအဖွဲ့သည် ပဉ္စမအကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ ၏ ပထမနေ့တွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၆ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသော ပဉ္စမအကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ပထမနေ့ပြိုင်ပွဲများကို တနင်္လာနေ့တွင် အီရန်အသင်းက အားကစားနည်း ၁၂ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် အဆုံးသတ်ခဲ့ပါတယ်။  ထိုနေ့တွင် အီရန်အသင်းသည် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိခဲ့ပါတယ်။

ပထမနေ့တွင် အိုင်လာ ဂျာမီ၊ အယ်လ်ဟမ် ဆွာလေဟီ နှင့် စီနာ ဇိုင်ဂန်မ်မီ နေဂျာဒ် တို့က ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြပါတယ်။ ရှာဟင် အီဇဒီယာ၊ မအ်စူမဟ် တူရာနီနှ င့် ပါရက်စ်တူ ဟာဘီဘီ တို့က ငွေတံဆိပ်များ ရရှိခဲ့ကြပြီး မိုဟမ္၎ဒ် သွာဟာဟစန်ပူးရ် နှင့် ဖရ်ဇာနဟ် ဆူဟ်ရာဘီ တို့က ကြေးတံဆိပ်များ ဆွတ်ခူးခဲ့ကြပါတယ်။

အီရန်အသင်းသည် “အားကောင်းသော အီရန်အတွက် အသက်ပေးအပ်သူများ” ဟူသော အသင်းအမည်နှင့် “ဟီရိုရှီးမား၊ ဂါဇာနှင့် မီးနာဗ် မှ ကလေးများကို အောက်မေ့သတိရခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။

အီရန်အသင်းတွင် အားကစားသမား စုစုပေါင်း ၁၆၆ ဦး ပါဝင်ပြီး အမျိုးသမီး ၆၂ ဦးနှင့် အမျိုးသား ၁၀၄ ဦး ပါဝင်ပါတယ်။ ၎င်းတို့သည် အားကစားနည်း ၁၅ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။
၂၀၂၆ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ နာဂိုယာမြို့၌ အီရန်အတွက် ဆုတံဆိပ်ရရှိခဲ့သူများ မှာ 

ရွှေတံဆိပ်များ 

၁။ အိုင်လာ ဂျာမီ - မသန်စွမ်းသူများ တိုက်ကွမ်ဒိုပြိုင်ပွဲ။

၂။ အယ်လ်ဟမ် ဆွာလေဟီ - လှံတံပစ်ပြိုင်ပွဲ၊ F52/F53/F54 အတန်း။

၃။ စီနာ ဇိုင်ဂန်မ်မီ နေဂျာဒ်  - မသန်စွမ်းသူများ ရေကူးပြိုင်ပွဲ၊ S10 အတန်း။

ငွေတံဆိပ်များ

၁။ မအ်စူမဟ် တူရာနီ - လှံတံပစ်ပြိုင်ပွဲ။

၂။ ပါရက်စ်တူ ဟာဘီဘီ - အမျိုးသမီး ကလပ်တုတ်ပစ်ပြိုင်ပွဲ၊ F32/F51 အတန်း။

၃။ ရှာဟင် အီဇဒီယာ - အမျိုးသား မီတာ ၁၀၀ အလွတ်ကူး မသန်စွမ်းရေကူးပြိုင်ပွဲ၊ S10 အတန်း။

ကြေးတံဆိပ် များ

၁။ မိုဟမ္မဒ် သွာဟာ  တာဟာ ဟစန်ပူးရ် - မသန်စွမ်းသူများ တိုက်ကွမ်ဒိုပြိုင်ပွဲ။

၂။ ဖရ်ဇာနာ ဆူဟ်ရာဘီတာဘာ - အမျိုးသမီး ကလပ်တုတ်ပစ်ပြိုင်ပွဲ၊ F32/F51 အတန်း။
တို့ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha