အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မဂျီးဒ်သခ်သ် ရဝါန်ဂျီ က သုံးနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ရည်ညွှန်း၍ ဤအစည်းအဝေးတွင် ကျွန်ုပ်တို့သည် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးသည် စီးပွားရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးတို့တွင် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် အထူးအလေးပေးပြောကြားခဲ့ကြောင်း မဂျီးဒ်သခ်သ် ရဝါန်ဂျီ က ပြောကြားခဲ့ပါတယ်။
အီရန်၊ ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့ သုံးနိုင်ငံသည် ပါလက်စတိုင်း၊ လက်ဘနွန်နှင့် ဆီးရီးယားတို့အပေါ် သိမ်းပိုက်ထားသော ဇီယွန်အစိုးရ၏ ရန်လိုမှုကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆို ထားကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မဂျီးဒ်သခ်သ် ရဝါန်ဂျီ က ပြောကြားခဲ့ပါတယ်။
ဤသုံးပွင့်ဆိုင်အစည်းအဝေးတွင် အီရန်အစ္စလာမ်မစ် ပြည်သု့ သမ္မတနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသား အချုပ်အခြာအာဏာကို ဆန့်ကျင်သည့် ဇီယွန်ဝါဒီအစိုးရ၏ ၁၂ ရက်ကြာ ရန်လိုမှုကိုလည်း ရှုတ်ချ ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment