၉ အောက်တိုဘာ ၂၀၂၄ - ၁၀:၃၇
  အီရန် နိုင်ငံခြားရေး ဝန်ကြီးသည် ဘေရွတ်နှင့် ဒမတ်စကတ်ခရီးစဥ် ပြီး နောက် ဆော်ဒီ အာရေဗျ သို့ သွား ရောက်

နယူးယော့ခ်ခရီးစဥ် ပြီးနောက် ဘေရွတ်နှင့် ဒမတ်စကတ်တို့ကိုလည်း သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဒေသတွင်း ခရီးစဉ်အဖြစ် ရီယာ့ဒ်သို့ သွားရောက်မည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြား ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကြီ  မှ အက်ဆွာ စစ်ဆင်ရေး အစ နစရိုလ္လာဟ် မှာ လို့ ခေါ်သည့် အစည်းအဝေးတွင်  သတင်းထောက်များ၏ မေးခွန်းတွေကို ဖြေကြားရာမှာ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးပြီး လက်ဘနွန်စစ်ပွဲကို တားဆီးဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး နယူးယောက်တွင် နိုင်ငံအများအပြား နှင့် ဆွေးနွေးပြီးနောက် ဘေရွတ်နှင့် ဒမတ်စကတ် တို့ကိုလည်း သွားရောက်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ယနေ့ ရီယဒ်သို့ သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

အစ္စလာမ် နိုင်ငံများ ကိုယ်စား စုပေါင်းလှုပ်ရှားမှုကို လုပ်ဆောင်နေကြောင်း အီရန်၏ မူဝါဒသည် ခုခံအားကို ပံ့ပိုးရန်ဖြစ်ပြီး ၎င်းသည် အခြေခံကျသော မူဝါဒဖြစ် ကြောင်း ကျွန်ုပ်တို့သည် မည်သည့်အခြေအနေမျိုးတွင်မဆို ဤမူဝါဒမှ သွေဖည်မည်မဟုတ်ကြောင်း  နိုင်ငံများ ဣှင့်  ဆွေးနွေးမယ်ဆိုရင် ဒါဟာ ဇီယွန်ဝါဒီအစိုးရရဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်ဖို့ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံ သည် တင်းမာမှုများ တိုးမြင့်လာရန် မလိုလားကြောင်း ကျွန်ုပ်တို့ ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး စစ်ပွဲကို မကြောက်သော်လည်း မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် အသင့်ရှိကြောင်း နှင့် ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အပြည့်အဝ တပ်လှန့်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြား ခဲ့ပါ တယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကြီ မှ ကျွန်ုပ်တို့၏မူဝါဒမှာ တိုက်ပွဲများရပ်တန့်ရန်နှင့် အပစ် အခတ်ရပ်စဲရေး သို့ရောက်ရှိရန်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ တစ်ဖက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးမှ မိမိ နှင့် ရာထူးတူ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုရာတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သည် ဒေသတွင်းတင်းမာမှု နှင့် စစ်ပွဲကို မပြန့်ပွားစေလိုသော်လည်း စစ်ကိုမကြောက်ကြောင်း ဇီယွန် အစိုးရ၏ တိုက်ခိုက် မှု အသစ်တိုင်းသည် သင့်လျော်ပြီး ခိုင်မာသည့် အဖြေ တုံ့ပြန် သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

.......................................................

END / 251