၂၃ အောက်တိုဘာ ၂၀၂၄ - ၀၉:၃၂
မသေမီ ကြိုတင်ပြင်ဆင်ထားခြင်း

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မသေမီ ကြိုတင်ပြင်ဆင်ထားခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

بادِروا المَوتَ وغَمَراتِهِ وامهَدوا لَهُ قبلَ حُلُولِهِ و أعِدُّوا لَهُ قبلَ نُزولِهِ.

 

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« သေခြင်း နှင့် ၎င်း၏ အခက်အခဲများမရောက်မီ အလျင် မိမိထမ်းဆောင် ရမည့် တာဝန်တတ္တရားများ နှင့် အလုပ်များ ကို ကျေပွန်စွာ ထမ်းဆောင်ပါ။  ပြီးနောက် သေခြင်းမရောက်မီ စရိတ်များ အသုံးအဆောင်များ (ကောင်းမှု ကုသိုလ်များ ) ကို စုဆောင်းပါ။ ပြီးနောက် သေခြင်းမရောက်မီ  ကြိုတင် ပြင်ဆင်မှု ကို ပြုထားပါ။ »

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ခွသ်ဗဟ် အမှတ်တော် ၁၉၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဘာတွေ လုပ်ဆောင် ရမည် ဆိုတာ ထင်ထင်ရှားရှား သိမြင်ရမည် ဖြစ်ပါတယ်။ မိမိသေခြင်းတရား မရောက်မီ မိမိ၏  တာဝန် များ အားလုံး ဟူကူးကိုလ္လာဟ် ဖြစ်စေ ဟူကူးကွန်နာစ် ဖြစ်စေ ကျေပွန်စွာ ထမ်းဆောင် နိုင်ဖို့ သေရန် အသင့် ဖြစ်ဖို့ ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ဤကဲ့သို့ စိတ်ထားမွေးမည် လက်တွေ့ ကြိုးစားမည် ဆိုလျင် ကျနော်တို့သည် သူတစ်ပါး ကို မတရားလုပ်ခြင်း ၊ စွပ်စွဲခြင်း ၊ ပြဿနာ ရှာခြင်း ၊ စကား အပေးအယူ ပြုခြင်း ၊လာဘ်ထိုး၊ လာဘ်ယူခြင်း စသည်ဖြင့် မကောင်းမှု အစုစု တို့ကို မလုပ်ဖြစ်အောင်ကြိုးစားလာကြမည် ဖြစ်ပါ တယ်။ မြတ်အလ္လာဟ် အနေဖြင့် ကျနော်တို့မျိုးတို့ယောက်တိုင်း အား ဤလောက မှ ထွက်သည့် အချိန် (သေသည့်အချိန် ) အီမာန် နှင့် တစ်ကွ သေဆုံးပြီး မည်သည့် အကြွေးမှ မကျန်ခဲ့စေရန် စွမ်းအား အင်အား အခြေအနေ များချီးမြှင့်  ပေးသနား တော်မူပါစေ ရန် နေ့စဥ် နမာဇ် ပြီးတိုင်း ဒိုအာ လုပ်သင့်ပါတယ်။

****************************************************************

END / 251