၉ နိုဝင်ဘာ ၂၀၂၄ - ၁၉:၅၈
ယွန်ဝါဒီ Ma'ariv သတင်းစာ မှ စစ်ပွဲ ရက်ပေါင်း ၄၀၀ ဖြစ်ပွား စစ်တပ် ၂ တပ်ဆုံးရှုံး ကြောင်း တင်ပြ

ရက်ပေါင်း ၄၀၀ စစ်ပွဲအတွင်း သိမ်းပိုက်ထားသော အစ္စရေး အစိုးရ၏ တပ်မ ၂ တပ် ခန့် သတ်ဖြတ်ခံရမှုနှင့် ဒဏ်ရာရရှိခဲ့ကြောင်း ဇီယွန်ဝါဒီ မီဒီယာတစ်ခုက အသိအမှတ်ပြုခဲ့ပြီး အစ္စရေး၏ပြဿနာအားလုံးကို နေတန်ယာဟု၏ အစိုးရအဖွဲ့ ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာစစ်ပွဲ နှစ် ၄၀၀ မြောက်နေ့တွင် ဖော်ပြခဲ့သော နိုင်ငံရေးစာရေးဆရာ Ben Kaspit မှ စနေနေ့ထုတ် "Ma'ariv" သတင်းစာတွင် အစ္စရေးသည် စစ်ပွဲ ကို တစ်နှစ်ကျော်ကြာအောင် ဆင်နွှဲခဲ့သည် ဖြစ်ပြီး ၂ စစ်တပ် ၂တပ်ခန့်  ဆုံးရှုံးသွားပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဤအစီရင်ခံစာအရ၊ စစ်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ပွဲရက်ပေါင်း ၄၀၀ အတွင်း ဇီယွန်နစ်စစ်တပ်၏ အသေ အပျောက် အမြောက်အမြားကြောင့် သိမ်းပိုက်ထားသော စစ်အစိုးရ၏ စစ်တပ်ဖွဲ့စည်းမှုတွင် တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာ လိုအပ်နေ ကြောင်း ဖြစ်ပါတယ်။

Ben Caspit က ၎င်း၏ အစီရင်ခံစာကို ဆက်လက်ဖော်ပြသည် မှာ  နေတန်ယာဟု၏ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ သည် အစ္စရေး၏ အခြေအနေကို ပိုဆိုးစေသည်၊ တစ်နည်းအားဖြင့် ဝန်ကြီးအဖွဲ့သည် အစ္စရေး အကျိုးအတွက်မဟုတ်ဘဲ စစ်ပွဲအတွင်း အစ္စရေးကို ဆန့်ကျင်သည့်လုပ်ရပ်သာ ဖြစ်ကြောင်း ဖြစ်ပါ တယ်။

၎င်းက ဆက်လက်၍ အစ္စရေး၏ ပြဿနာအားလုံး၏ အကြောင်းရင်းမှာ နေတန်ယာဟု၏ အာဏာ ဆက်လက် တည်မြဲရေးနှင့် ၎င်း၏အာဏာကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အစောပိုင်းတွင် ဇီယွန်စစ်အစိုးရ၏ Channel ၁၂ သည် ဤ အစ္စ‌ရေး အစိုးရ၏ စစ်တပ်အတွင်း လူအင်အား အခြေအနေ ယိုယွင်းလာမှုနှင့် ပတ်သက်၍ တဲလ်အဗစ်အတွက် အကျပ်အတည်းတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။

.......................................................

END / 251