Maher News Agency ၏ ဖော်ပြချက် အရ ဆော်ဒီတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖယာဇ် ဘင်န် ဟမီးဒ် အလ်ဝလီ သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဗိုလ်ချုပ်ကြီး ဘာကဲရ်ရီ နှင့် တွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး အပါအဝင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို နှစ်နိုင်ငံ ဗိုလ်ချုပ်ကြီး ဖယာဇ် ဘင်န် ဟမီးဒ် အလ်ဝလီ နှင့် ဘာကဲရ်ရီ တို့ မှ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။
စွန်နီ ကိုကိုယ်စားပြုသည့် ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ရှီအဟ် ကို ကိုယ်စား ပြုသည့် အီရန် နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲမည် စည်းလုံးမည် ဆိုလျင် အစ္စလာမ့် ရန်သူများ အထူးး သဖြင့် အမေရိကန် ၊ အစ္စရေး နှင့် ၎င်းတို့၏ မဟာမိတ် များသည် အစ္စလာမ် နိုင်ငံ များ နှင့် ဘာသာဝင်များ အပေါ် အနိုင်ကျင့်နိုင် မည် မဟုတ်ချေ။
ဤအတွက်ကြောင့်လည်း အစ္စလာမ့် ရန်သူများ အထူးး သဖြင့် အမေရိကန် ၊ အစ္စရေး နှင့် ၎င်းတို့၏ မဟာမိတ် များသည် အမြဲတန်း စွန်နီ ရှီအဟ် ပြဿနာ ဖြစ်နေအောင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ကြိုးပမ်းလျက် ရှိပါ တယ်။
ဒါကြောင့် ရှီအဟ်စွန်နီ မဇ်ဟဗ်ဝင်တိုင်း နှင့် အထူးသဖြင့် သာသနာ့ပညာရှင်တိုင်း အနေဖြင့် အစ္စလာမ့် ရန်သူများ ၏ အကြံ အစည်ကို သိရှိနားလည်ပြီး ထို အကြံအစည် မအောင်မြင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။
.......................................................
END / 251