အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ အာယသ် သိုလ်ကုရ်စီ သည် ဝဟိုဝလ် အလီယွန်လ်အဇီးအထိ ဖြစ်ပါသလား? သို့မဟုတ် ဟွန်မ်ဖီးဟာ ခါလေဒွန် အထိ ဖြစ်ပါသလား ? ကိစ္စ နှင့်ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
အာယသ်သိုလ်ကုရ်စီဖတ်ရန်လာရှိပါတယ်။ ပမာ အားဖြင့် နမာဇ် ဇေ ဝဲဟ်ရှသ် သေကဗရ် ဝတ်ပြုသည့်အခါ ဖတ်ဖို့လာရှိပါတယ်။ ထိုကြောင့် အာယသ် သိုလ်ကုရ်စီ သည် ဝဟိုဝလ်အလီယွန်လ်အဇီး အာယသ်တော် အထိ ဖြစ်ပါသလား? သို့မဟုတ် ဟွန်မ်ဖီးဟာ ခါလေဒွန် အာယသ်တော် အထိ ဖြစ်ပါသလား ?
အဖြေ
အာယသ်သိုလ်ကုရ်စီ ဖတ်ရန် လာရှိတိုင်း ဝဟိုဝလ်အလီယွန်လ်အဇီး အာယသ်တော် အထိ ဖြစ်ပါတယ်။ သို့သော် တစ်ချို့ နေရာတွင် ဟွန်မ်ဖီးဟာ ခါလေဒွန် အာယသ်တော် အထိ ဖတ်ရန် လာရှိပါတယ်။
မှတ်ချက် ။ ။ ကျနော်တို့ အနေဖြင့် အာယသ် သိုလ်ကုရ်စီ သည် ဝဟိုဝလ်အလီယွန်လ်အဇီး အာယသ်တော် အထိ ဖြစ်ပါသလား? သို့မဟုတ် ဟွန်မ်ဖီးဟာ ခါလေဒွန် အာယသ်တော် အထိ ဖြစ်ပါသလား ? ဆိုတာကို ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အဖြေအရ ထင်ရှားစွာ သိရမည် ဖြစ်ပါတယ်။ ဒါကြောင့် အာယသ်သိုလ် ကုရ်စီ ဖတ်ဖို့ ပြောတိုင်း ဝဟိုဝလ်အလီယွန်လ်အဇီး အာယသ်တော် အထိ ဖတ်ရသာ ဖြစ်ပါတယ်။ အကြောင်းမှာ အာယသ်သိုလ်ကုရ်စီ ဖြစ်ပါတယ်။ အာယာသ်သိုလ် ကုရ်စီ မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ သို့သော် နမာဇ် ဇေ ဝဲဟ်ရှသ် သေကဗရ် ဝတ်ပြုသည့်အခါ အာယသ် သိုလ်ကုရ်စီ အား ဟွန်မ်ဖီးဟာ ခါလေဒွန် အာယသ်တော် အထိ ဖတ်ရန် မအ်စူမ် (အ.စ) မှ မိန့်ကြားထား သည့် အတွက် ဟွန်မ်ဖီးဟာ ခါလေဒွန် အာယသ်တော် အထိ ဖတ်ရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် စွန်နီ အာယသ်သိုလ်ကုရ်စီ နှင့် ရှီအဟ် အာယသ် သိုလ်ကုရ်စီ မတူဟူ ၍ ပြောမရကြောင်း လေ့လာသိရှိရမှာ ဖြစ်ပါ တယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251