အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ခေဆွာလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
فَوقُ كُلِّ ذِی بِرٍّ بِرٌّ حتّی یُقتلَ الرّجُلُ شهیداً فی سبیلِ الله۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ကောင်းမှု ကုသိုလ်တရားတိုင်းထက် သာ၍ ကြီးမြတ်သော ကောင်းမှု ကုသိုလ်ရှိသော်လည်း အလ္လာဟ် ဟို အရှင်မြတ် ၏ လမ်း ၌ ရှဟာဒသ် (အသက်စတေးခြင်း) ထက် သာ၍ကြီးမြတ်သည် ကောင်းမှု ကုသိုလ် ဟူ၍ မရှိ ချေ။»
ကျမ်းကိုး ။ ။ ခေဆွာလ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၈
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် ရှဟီးဒ် ၏ အဆင့်အတန်းကို သိနိုင်ပါ တယ်။ မနုဿ လူသားဆိုသည် မှာ သေတစ်နေ့ မွေးတစ်နေ့ ဖြစ်၍ အလ္လာဟ် လမ်းတွင်သေခြင်း (ခ) ရှဟီးဒ် ဖြစ်ခြင်း သည် အကောင်းဆုံးသော် သေခြင်းတရား ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် အား အမှန် တကယ် ချစ်ကြသူများ အေမာမ် ဟိုစိုင်းန် (အ.စ) အား အချစ်ထားသူများသည် အလ္လာဟ် ၏လမ်းတွင် အသက်စတေးရန် မကြောက်ရွံ့ကြကြောင်း ကျွန်ုပ်တို့အနေဖြင့် သိနိုင်ပါတယ်။ အလ္လာဟ် လမ်းတွင် အသက်စတေး ဖို့ဆိုသည့် လုပ်ရပ်မှာ သာမန် အလုပ်မဟုတ်သည့် အပြင် နှလုံးသား ဖြူစင်ပြီး သက္က်ဝါး တရား လက်ကိုင်ထား သူများ သာလျင် ပြုနိုင်သည့် ကိစ္စ ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment