၁၉ မတ် ၂၀၂၅ - ၂၀:၀၈
နမာဇ် ဇေရှက်ဗ် ဗေကဒ်ရ်

နမာဇ် ဇေရှက်ဗ် ဗေကဒ်ရ် အကြောင်းကို မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း (ခ) ဝီကီရှီအဟ် မှ ကူးယူ တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နမာဇ် ဇေရှက်ဗ် ဗေကဒ်ရ် (Arabic: صلاة لیلة القدر) (ခ) ကဒ်ရ် ညတွင်ဖတ်ရသည့်နမာဇ် (ခ) ကွတ်လ်ဟို ဝလ္လာဟ် ၇ ကြိမ် မွတ်စ်သဟဗ် နမာဇ် အား ကဒ်ရ် ညမြတ် တွင် ဖတ်ရွတ် ရန် တိုက်တွန်း ထားပါသည်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ်တော် အရ “အကြင် မည်သူ မဆို ဤနမာဇ် (နမာဇ်ဇေရှက်ဗ် ဗေကဒ်ရ်) အား ဖတ်ရွတ်မည် ပြီးနောက် အကြိမ် ၇၀ အစ်သေဂ်ဖာရ် ဖတ်ရွတ်မည်ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် သည် ဖတ်ရွတ်သူ နှင့် ၎င်း၏ မိဘ နှစ်ပါး အား ခွင့်လွတ်ပလပ် ပေးတော်မူမည်။ “ ဤနမာဇ် အားလမြတ်ရမ်တွာန် ၏ ၁၉ရက် ည ၊ ၂၁ရက်ည ၊ ၂၃ရက်ည များတွင် ဖတ်ရပါမည်။

မည်သည့်နည်းဖြင့် ဤနမာဇ် ကို ဖတ်ရမည်နည်း?

နမာဇ် ဇေရှက်ဗ် ဗေကဒ်ရ် သည် ၂ရကတ်သ် နမာဇ် ဖြစ်ပါသည်။ ရကတ်သ် တိုင်းတွင် စူရဟ်ဟမ်ဒ် ဖတ်ပြီးနောက် စူရဟ် ကွတ်လ်ဟို ဝလ္လာဟ် အား ၇ ကြိမ် ဖတ်ရွတ် ရပါ မည်။ နမာဇ် ဖတ်ပြီးလျင် အက်စ်သဂ်ဖေရိူလ္လာဟ် ဟဝအသူပိုအေလိုင်းဟေ (အရဘီ - استغفر الله و اتوب الیه ) အားအကြိမ် ၇၀ ဖတ်ရွတ် ရပါမည်။[၁] စူရဟ် ကွတ်လ်ဟို ဝလ္လာဟ် အား ၇ ကြိမ် ဖတ်ရသည့် အတွက် ကွတ်လ်ဟို ဝလ္လာဟ် ၇ ကြိမ် မွတ်စ်သဟဗ် နမာဇ် ဟု ကျော်ကြားပါသည်။[၂]

နမာဇ် ဇေရှက်ဗ် ဗေကဒ်ရ် ၏ အထောက်အထားများ

ဆယက်ဒ် အစ်ဗ်နေ သွာအူစ် ၏ အစ်က်ဘာလိုလ်အအ်မါလ် ကျမ်း ၊ အဘူလ်ဖွာဆွလ် ဗင်န် မိုဟမ္မဒ် အလ်ဟရဝီ ၏ ကန်ဇိုလ်ယဝါကီးသ်ကျမ်း တွင် စနတ်ဒ် (ခ) သက်သေ အထောက် အထား မပါဘဲ တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန် ချက်ကို တင်ပြ ထား ပါ သည်။[၃] အလာမဟ် မဂျ်လေစီ အနေဖြင့် လည်း ဘေဟာရိုလ်အန်နဝါရ် ကျမ်း[၄] ဆယက်ဒ် အစ်ဗ်နေ သွာအူစ် အနေဖြင့် လည်း ဇာဒိုလ်မအာဒ် ကျမ်း[၅]တွင် အထောက် အထားမပါ ဘဲ တင်ပြရေးသားထားပါသည်။ မဟာတမန်တော်မြတ် (ဆွ) ၏တင်ပြချက် အရ “ အကြင်မည်သူ မဆို ဤနမာဇ် (နမာဇ်ဇေရှက်ဗ် ဗေကဒ်ရ်) အား ဖတ်ရွတ် မည် ပြီးနောက် အကြိမ် ၇၀ အစ်သေဂ်ဖာရ် ဖတ်ရွတ်မည်ဆိုလျင် ထိုဖတ်ရွတ်သူသည် မိမိနေရာ မှ မထရပ်မှအလျင် အလ္လာဟ်ဟို အရှင်မြတ် သည် ဖတ်ရွတ်သူ နှင့် ၎င်း၏ မိဘ နှစ်ပါး အား ခွင့်လွတ်ပလပ် ပေးတော်မူမည်။ပြီးနောက် ကောင်းကင်တမန်များ မှ အုပ်စု တစ်စုအား တာဝန်ပေးခြင်းခံရပေမည် ။ ၎င်း တာဝန် မှာ ဤနမာဇ် ဝတ်ပြုသူ အတွက် ကောင်းမူများကို မှတ်သားရေးမှတ်စေတော်မည်။ ပြီးနောက် ကောင်းကင်တမန်တစ်ပါး အား ၎င်း အတွက် ဂျန္နသ် သုခဘုံတွင် သစ်ပင် စိုက်ပျိုးစေ ပြီး နန်းတော်များ တည်ဆောက် စေမည် ဖြစ်ပါသည်။[၆]

အောက်ခြေ မှတ်စုများ

[၁] ဆယက်ဒ် အစ်ဗ်နေ သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ၊ အတွဲ၁ ၊စာမျက်နှာ ၁၈၆ / ကွမ်းမီ ၊ မဖာသီဟိုလ်ဂျေနန် ၊ ပုံနှိပ် အွတ်စ်ဝဟ်၊ အအ်မာလေ မွတ်ရှ်သရ်ကဟ် ရှက်ဗ်ဟာယေကဒ်ရ် ကဏ္ဍ ၊ စာမျက်နှာ ၂၂၅။
[၂] Rajanews သတင်းအချက်အလက်အခြေစိုက်စခန်း။
[၃] ဆယက်ဒ် အစ်ဗ်နေ သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ၊စာမျက်နှာ ၁၈၆။
[၄] မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ အတွဲ ၉၅၊ စာမျက် နှာ ၁၂၅ ။
[၅] မဂျ်လေစီ ၊ ဇာဒိုလ်မအာဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ စာမျက်နှာ ၁၂၅ ။
[၆] ဆယက်ဒ် အစ်ဗ်နေ သွာအူစ် ၊ အစ်က်ဘာလိုလ်အအ်မါလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ၊ အတွဲ၁ ၊စာမျက်နှာ ၁၈၆ / မဂျ်လေစီ ၊ ဇာဒိုလ်မအာဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ စာမျက်နှာ ၁၂၅ ။

မူရင်းလင်းခ် - https://my.wikishia.net/view/%E1%80%94%E1%80%99%E1%80%AC%E1%80%87%E1%80%BA_%E1%80%87%E1%80%B1%E1%80%9B%E1%80%BE%E1%80%80%E1%80%BA%E1%80%97%E1%80%BA_%E1%80%97%E1%80%B1%E1%80%80%E1%80%92%E1%80%BA%E1%80%9B%E1%80%BA

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha